CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀

မြန်မာအသင်းဟာ အာ‌‌ဆီယံချန်ပီယံရှစ် အုပ်စုတတိယမြောက် ပွဲစဉ်အဖြစ် လာအိုအသင်းနဲ့ ကစားခဲ့တာမှာ ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။

အုပ်စုပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးနေပြီး ရှုံးပွဲကြုံတွေ့ထားတဲ့ ၂ သင်း တွေ့ဆုံတဲ့ ပွဲဖြစ်တာကြောင့် ရလဒ်ကောင်း ရယူဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာအသင်းကတော့ လာအိုအသင်းကို ဖိကစားခဲ့ပေမယ့် တကယ်တမ်း ဂိုးရသွားတာက လာအိုအသင်း ဖြစ်ပါ တယ်။ လာအိုအသင်းဟာ ပွဲချိန် ၁၂ မိနစ်မှာ ဦးဆောင်ဂိုး စတင်ရယူနိုင်ခဲ့တာပါ။

ဒါပေမယ့် မြန်မာအသင်းဟာ ချေပဂိုးရဖို့ ဆက်တိုက် ဖိကစားခဲ့တာကြောင့် ၁၅ မိနစ်မှာ ချေပဂိုး ရခဲ့ပါတယ်။ ဒီဂိုး ကို ကျော်မင်းဦးက သွင်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း မြန်မာအသင်းဟာ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့လို့ ပထမပိုင်း ၁ ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မြန်မာအသင်းဟာ အနိုင်ဂိုးရဖို့ ပိုပြီး တိုက်စစ်ဆင်လာခဲ့ပေမယ့် လာအိုအသင်းက ဦးဆောင် ဂိုး ရယူသွားခဲ့ပါတယ်။ မြန်မာအသင်းဟာ လာအိုအသင်းကို ဦးဆောင်ဂိုး ပေးရပြီးနောက် ချေပဂိုးရဖို့ ဆက်တိုက် ဆိုသလို ဖိကစားခဲ့ပေမယ့် လာအိုနောက်တန်းနဲ့ ဂိုးသမားတို့ အစွမ်းပြနေလို့ အခက်တွေ့နေခဲ့တာပါ။

ဒါပေမယ့် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ အဖိုးတန် ချေပဂိုး ရသွားခဲ့ပါတယ်။ ဒီဂိုးကို မောင်မောင်လွင်က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် တစ်ဖက် ၂ ဂိုးစီနဲ့ ပွဲပြီးဆုံးခဲ့ပြီး ၂ သင်းစလုံး ရမှတ် စတင် ရယူနိုင် ခဲ့တာ ဖြစ်ပါတယ်။