၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၁
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရုံးပိတ်ရက် ရှည်များ သတ်မှတ်ပေးခြင်းကြောင့် ထိုကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးသည် ရောဂါဖြစ်ပွားမှု အကျဆင်း ဆုံးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက ဆိုသည်။
နစကမှ ရုံးပိတ်ရက်ကာလအဖြစ် သတ်မှတ်ထားသည်မှာ လက်ရှိတွင် ခြောက်ပတ်ခန့် ရှိပြီဖြစ်ပြီး ရောဂါဖြစ်ပွားမှု ကျဆင်းခြင်းအား ယခုကဲ့သို့ ရုံးပိတ်ရက်မတိုင်မီ တစ်ပတ်အခြေခံကာ ကိန်းဂဏန်း အတက်အကျကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြည့်ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ရုံးပိတ်ရက်ရှည် သတ်မှတ်သည့် ပထမအပတ်တွင် ၂၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ဒုတိအပတ်မှာတော့ ၄၅ ရာခိုင်နှုန်း၊ တတိယအပတ်တွင် ၆၈ ရာခိုင်နှုန်း၊ စတုတ္ထအပတ်၌ ၇၇ ရာခိုင်နှုန်းအထိ ကျ သလို ပဥ္စမအပတ်ဖြစ်သည့် ဩဂုတ် ၂၄ ရက်မှာတော့ ၈၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ကို တွေ့ရကြောင်း သိရသည်။
ဒုတိယ ရောဂါဖြစ်ပွားမှုကျဆင်းသည့် တိုင်းဒေသကြီးမှာ စစ်ကိုင်းတိုင်းဒေသကြီးပြီး ရုံးပိတ်ရက်ရှည် သတ်မှတ် သည့် ပထမအပတ်တွင် ၇ ရာခိုင်နှုန်းအထိ ကျဆင်းသွား၍ ဒုတိအပတ်၌ ၂၆ ရာခိုင်နှုန်း၊ တတိယအပတ်မှာ ၅၈ ရာခိုင်နှုန်း၊ စတုတ္ထအပတ်မှာတော့ ၅၇ ရာခိုင်နှုန်းအထိ ကျသွားသလို ပဥ္စမအပတ်တွင် ၇၂ ရာခိုင်နှုန်းအထိ ရော ဂါ ဖြစ်ပွားသူဦးရေ ကျဆင်းလာကြောင်း သိရသည်။
ရောဂါဖြစ်ပွားမှု ကျဆင်းသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှာ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ နေပြည်တော်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့ ဖြစ်ကြသည်။
သို့သော် ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ရောဂါြဖစ်ပွားမှုနှုန်းသည် ကျဆင်း ခြင်း မရှိသေးဘဲ ဖြစ်ပွားနှုန်း တက်နေကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ပထမအပတ်တွင် ၄၃ ရာခိုင်နှုန်း၊ ဒုတိအပတ်၌ ၁၁၅ ရာခိုင်နှုန်း၊ တတိယအပတ်မှာ ၁၂၅ ရာခိုင်နှုန်း၊ စတုတ္ထအပတ်မှာတော့ ၁၁၇ ရာခိုင်နှုန်းနှင့် ပဥ္စမအပတ်တွင် ၈၈ ရာခိုင်နှုန်းအထိ ဖြစ်ပွားသောကြောင့် ရောဂါဖြစ်ပွားမှုမှာ အတက်ဘက်သို့ ရောက်နေကြောင်း ဒေါက်တာသန်းနိုင်စိုးကပြောသည်။
ဩဂုတ် ၃၁ ရက် ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း ၄၀၀၀၀၀ (လေးသိန်း) နီးပါး ရှိကာ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၃၀၀၀၀၀ (သုံးသိန်း) ကျော်နှင့် သေဆုံးသူ ၁၅၀၀၀ (တစ်သောင်းခွဲ) ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။