CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃
ငလျင်ဘေးဒဏ်သင့်နေသော မြန်မာနိုင်ငံသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်၍ တရုတ်အစိုးရက မြန်မာပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်လျက်ရှိသည်။
လက်ရှိတွင် တရုတ်အစိုးရသည် ငလျင်ဘေးသင့် ပြည်သူများကို ကူညီနိုင်ရေးအတွက် ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်၍ ပိတ်မိ ပြည်သူများ ရှာဖွေကယ်ဆယ်ရေး လုပ်ပေးနေသလို စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် တခြားသော လိုအပ်သည့် ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိသည်။
ထို့နောက် မန္တလေးမြို့ လမ်း ၃၀၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြားတွင် CHINESE MEDICAL Team ကိုထား၍ ယာယီဆေးရုံဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။