‘Absurd’ လို့နာမည်ပေးထားတဲ့ သူတို့ရဲ့သီချင်းသစ်ကို ဩဂုတ် ၆ ရက် ယခင်သီတင်းပတ် သောကြာနေ့ရဲ့ မနက်စောစောမှာ တွစ်တာကနေ လွှင့်တင်ပေးခဲ့ပါတယ်။ ဒီသီချင်းသစ်ရဲ့ဗီဒီယိုဖိုင်ကို ဂရိဒဏ္ဍာရီလာ မက်ဒူဆာ (Meusa) ရဲ့ရုပ်ပုံကို ကွန်ပျူတာအထူးပြုလုပ်ချက်တွေနဲ့ တန်ဆာဆင်ထားပါတယ်။
ဒီသီချင်းသစ်ဟာ ၂၀၀၈ ခုနှစ်က တရုတ်ဒီမိုကရေစီ “Chinese Democracy” လို့ခေါ်တဲ့ တေးအယ်လ်ဘမ် နောက်ပိုင်း Guns N’ Roses ရဲ့ ပထမဆုံးထုတ်လုပ်ဖြန့်ချိမှုအနေနဲ့ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အခု သီချင်းသစ် “Absurb” ဟာ တကယ်တော့ Guns N’ Rose ရဲ့ အစောပိုင်းတုန်းက ဖန်တီးထားခဲ့တဲ့ ‘Silkworms’ သီချင်းကို ပြန်လည်မွမ်းမံထားတဲ့ version ဖြစ်တယ်လို့ ရိုးလင်းစတုန်းမဂ္ဂဇင်းကြီးက ဆိုပါတယ်။ ‘Silkworms’ ကိုတော့ Guns N’ Rose က တရားဝင်ဖြန့်ချိခဲ့ခြင်း မရှိခဲ့ပါဘူး။
သူတို့အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ ဩဂုတ် ၃ ရက်တုန်းက ဒီသီချင်းနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံ၊ ဘော့စတွန်မြို့၊ ဖန်ဝဲပန်းခြံထဲ တင်ဆက်တဲ့ဖျော်ဖြေပွဲမှာ အဖွဲ့ခေါင်းဆောင် Axl Rose က “ဒီသီချင်းနာမည်ကို တချို့က ကြားဖူးကြပါလိမ့်မယ်” ဆိုပြီး ပရိသတ်ကို မိတ်ဆက်ခဲ့ကြောင်း ရိုးလင်းစတုန်းကို ကိုးကားပြီး စီအင်န်အင်န်က ရေးသားဖော်ပြပါတယ်။
(Photo- AP)
သူတို့အဖွဲ့ရဲ့ တွစ်တာအကောင့်ကနေ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဩဂုတ်လ ၅ ရက်တုန်းကလည်း နောက်ထပ် ဗီဒီယိုဖိုင်တစ်ခု တင်ထားပြီး သံစဉ်တေးသွားတွေကို တိုက်ရိုက် live လွှင့်ခဲ့ပါသေးတယ်။
“ သိပ်ကို ပျော်စရာကောင်းပါတယ်။ အခုဆို ခင်ဗျားတို့ Guns N’ Roses သီချင်းသစ်တစ်ပုဒ်ကို ဒီနေရာမှာ ခံစားနားဆင်လို့ရပြီပေါ့” လို့ Rose က ပြောခဲ့တဲ့အကြောင်း ရိုးလင်းစတုန်းမဂ္ဂဇင်းထဲမှာ ဆက်လက် ဖော်ပြထားပါတယ်။
အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းထားပြီး ၁၉၈၅ ခုနှစ်မှ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ စတင်လာခဲ့တဲ့ ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ကြီးဟာ အခုဆိုရင် ဂီတသက်တမ်း ၃၆ နှစ်ရှိပြီဖြစ်ပါတယ်။
(Photo-nj.com)
သူတို့အဖွဲ့ဟာ လာမယ့်အောက်တိုဘာအစောပိုင်းမှာ မြောက်အမေရိကဖျော်ဖြေရေးခရီးသွားဖို့ရှိနေပြီး ဩစတြေးလျနဲ့နယူးဇီလန်တို့မှာတော့ ဒီနှစ်ဆောင်းရာသီတွင် ဖျော်ဖြေဦးမှာလို့ သိရပါတယ်။ နောက်တစ်နှစ် ၂၀၂၂ ထဲမှာတော့ ဥရောပကို နွေရာသီ သွားရောက်ဖျော်ဖြေကြမှာပါ။
Source: CNN
#Guns N’ Rose
#တွစ်တာ
# Absurd
#သီချင်း
#ဖျော်ဖြေရေး
#CNINews
#CNIMyanmar
#ChannelNewsIndependent
Guns N’s Roses ဂီတအဖွဲ့ရဲ့ ၁၃ နှစ်အတွင်း ပထမဆုံးပြန်လည်ထွက်ရှိလာတဲ့ ‘Absurd’ တေးသီချင်း