CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂

၂၀၂၃-၂၀၂၄ ပညာသစ်နှစ်တွင် မြန်မာနိုင်ငံတဝန်းရှိ ကျောင်းများ၌ ကျောင်းသား/သူ ၆ သန်းကျော် (၆၂၂၉၃၃၇ ဦး) ပညာသင်ကြားလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကျောင်းသား/သူများ ကျောင်းအပ်လက်ခံခြင်းကို မေလ ၃၀ ရက်မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီးနောက် ဇွန်လ ၁ ရက်နေ့တွင် ၂၀၂၃-၂၀၂၄ ပညာသစ်နှစ်ကို စတင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း စုစုပေါင်း ၂၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၁၄ ကျောင်း ဖွင့်လှစ်ခဲ့သည်။

ထို့ကြောင့် နေပြည်တော်ကောင်စီနယ်မြေတွင် ကျောင်းအားလုံးပေါင်း ၇၉၉ ကျောင်းဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/ သူ စုစုပေါင်း ၂၁၇၀၄၂ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိသည်။

ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေ ရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။