CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၉

ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ယနေ့ (ဇွန်လ ၉ ရက်)မှစတင်ပြီး သတ်မှတ်ထားသည့် ATM များတွင် ငွေသား ထုတ်ယူနိုင်ကြောင်း ကမ္ဘောဇဘဏ်(KBZ Bank) က ထုတ်ပြန် ကြေညာခဲ့ သည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး စသည့် မြို့များရှိ KBZ ATM များတွင် တစ်ပတ်လျှင် အများဆုံး သုံးသိန်းကျပ် အား ကမ္ဘောဇဘဏ် MPU Debit(ATM ကတ်)မှ ဖြစ်စေ၊ mBanking Cardless Withdrawal ကတ်မဲ့ ငွေထုတ်ခြင်း နည်း လမ်းဖြင့် ဖြစ်စေ ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ငွေသား ထုတ်ယူနိုင်သော KBZ ATM များကို ဆက်လက် တိုးချဲ့ပေးသွားမည် ဖြစ်ကြောင်း၊ ဝင်သား ထုတ်ယူ နိုင်သည့် ATM စာရင်းများကိုလည်း အချိန်နှင့်တပြေးညီ ကြေညာသွားမည် ဖြစ်ကြောင်း KBZ Bank က ယနေ့ (ဇွန်လ ၉ ရက်) ထုတ်ပြန်ခဲ့သည်။