CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၈
ယခုနှစ် ပထမနှစ်ဝက်တွင် ယူနန်-မြန်မာ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄.၆၆၂ ဘီလီယံ ရှိရာ ယမန်နှစ်ကာလတူထက် ၃၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ms.Cun Min က ပြောသည်။
တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးမှ ကြီးမှူးကျင်းပပြီး ယူနန်ပြည်နယ် နိုင်ငံတကာ စီးပွားရေးနည်းပညာ ကူးလူးဖလှယ်ရေးစင်တာမှ တာဝန်ခံကျင်းပ၍ ယူနန်ဘဏ္ဍာရေးနှင့်စီးပွားရေးတက္က သိုလ်(YNUFE)မှ ကူညီကျင်းပသည့် မြန်မာနိုင်ငံဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP)မွမ်းမံသင်တန်းကို သြဂုတ် ၁၇ ရက်က Online ကနေ ဖွင့်လှစ်ခဲ့ရာမှာ Ms.Cun Min တက်ရောက် အမှာစကား ပြောစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောသွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက ထုတ်ပြန်ခဲ့သည်။
ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ms.Cun Min က “ယူနန်နှင့် မြန်မာနိုင်ငံသည် စီးပွားကုန်သွယ်ဆက်ဆံရေး နီးကပ်မှုရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ယူနန်-မြန်မာ ကုန်သွယ်မှု ပမာဏ သည် အမေရိကန်ဒေါ်လာ ၈.၁၂၉ ဘီလီယံရှိကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်တွင် ယူနန်-မြန်မာ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄.၆၆၂ ဘီလီယံရှိရာ ယမန်နှစ်ကာလတူထက် ၃၆ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း တရုတ်-မြန်မာနှင့် ယူနန်-မြန်မာသည် စီးပွားကုန်သွယ်ရေး၊ အခြေခံအဆောက်အဦ တည်ဆောက်ရေးစသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင် ရွက်မှု အလားအလာ ကြီးမားတယ်”ဟု ပြောသည်။
ပုံ-မြန်မာနိုင်ငံဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP)မွမ်းမံသင်တန်းကို Online ကနေ ဖွင့်လှစ်နေစဉ်(တရုတ်သံရုံး-fb)
ထို့နောက် RCEP မူဘောင်အောက်၌ တရုတ်-မြန်မာ၊ ယူနန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ထပ်ဆင့် နက်ရှိုင်း လာမည်ဖြစ်ကြောင်း၊ ယခု အကြိမ် မွမ်းမံသင်တန်းသည် အခြေ အနေ သစ်အောက်၌ တရုတ်-မြန်မာ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စိတ်ကူးသစ်များ မည်သို့ဖော်ဆောင်မည်၊ လုပ်ဆောင်ချက်သစ်များ မည်သို့ဆောင်ရွက်မည်တို့နှင့် စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက် အတူတကွ ဆွေးနွေးတိုင်ပင်ခြင်းအပေါ် အထောက်အကူပြုမည်ဖြစ်ကြောင်း ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ms.Cun Min က ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစီးပွားရေးသံမှူး Mr.Tan Shufu က ၂၀၂၀ ပြည့်နှစ်တွင် တရုတ်-မြန်မာ စသည့် နိုင်ငံ ပေါင်း ၁၅ နိုင်ငံက “RCEP သဘောတူစာချုပ်”ကို အတူ တကွ ချုပ်ဆိုခဲ့ပြီး နှစ်ဦးနှစ်ဖက်နှင့်ဒေသတွင်း ပူးပေါင်းဆောင် ရွက်မှုအတွက် နေရာအသစ်များတိုးချဲ့ပေးခဲ့ကြောင်းဆိုသည်။
“RCEP သည် ထွန်းသစ်စ စီးပွားရေးအုပ်စု ဒေသတွင်း တစ်သားတည်း ဖြစ်စေရေးအား အရှိန်မြှင့်ပေးသည့် တွန်းအားပေး ကိရိယာဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ဖွံ့ဖြိုးတိုးတက်မှု အလားအလာအရှိဆုံး လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်လည်း ဖြစ် ကြောင်း၊ RCEP သည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား လက်ရှိ အဆိုပြုချက်အားလုံးကို တိုးမြှင့်၍ နှစ်ဦးဖက်ခိုင်မြဲ တည် ငြိမ်မှု ၊ ကောင်းမွန်စွာ လည်ပတ်မှုနှင့် စည်းကမ်းချက်များအား အခြေခံသည့် ကုန်သွယ်ရေးစနစ်ကို တစ်ဆင့်တိုး မြှင့်တင် မြဲစေကာ ကပ်ရောဂါ အလွန်ခေတ်ကာလတွင် နှစ်နိုင်ငံက စီးပွားရေးပြန်လည် နိုးထသည့် အင်အားကို တိုးမြှင့်ပေးရန် အထောက်အကူပြုသည်”ဟု ၎င်းက ပြောသည်။
၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုကြောင့် အကျိုး သက်ရောက်မှုများကို ကျော်လွှား၍ မြန်မာနိုင်ငံကို မျက်နှာမူကာ ပြင်ပကူညီမှု သင်တန်းနှင့် ဒီဂရီဘွဲ့စီမံကိန်း ကျောင်းသား ခေါ်ယူခြင်း ဆက်လက် ဖော်ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ယနေ့ (သြဂုတ် ၁၈ ရက်) ထုတ်ပြန်ချက် မှာ ဖော်ပြထားသည်။
ထို့နောက် ယခုနှစ်တွင် တရုတ်နိုင်ငံမှ အကြွင်းမဲ့ကူညီသည့် ဘက်ပေါင်းများစွာနှင့် နှစ်ဦးနှစ်ဖက်ဆိုင်ရာ သင်တန်းများကို မြန်မာဘက်မှ သင်တန်းသား ၁၃၂ ဦး ပါဝင်တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ပညာတော်သင်ဆု စီမံကိန်းကို သင်တန်းသား ၁၉ ဦး ပါဝင်ခွင့်ရခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ် ပြန်ချက်မှာ ဖော်ပြထားသည်။
#MsCunMin #MrTanShufu #တရုတ် #မြန်မာ #ကုန်သွယ်မှု #တိုးတက် #ဒေါ်လာ #ဘီလီယံ #CNImyanmar #cninews #ChannelNewsIndependent