CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁
တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့ရှိ ဆိပ်ကမ်းကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများက တီယန်ကျင်းဆိပ်ကမ်း၏ လုပ်ငန်း လည်ပတ်မှု အခြေအနေကို ရှင်းပြခဲ့သည်။
အဆိုပါ ဆိပ်ကမ်းသည် တရုတ်နိုင်ငံမြောက်ပိုင်းတွင် တည်ရှိပြီး ကမ္ဘာ့အဆင့် ၁၀ စာရင်းဝင် ဆိပ်ကမ်းတစ်ခုဖြစ် ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဩဂုတ် ၃၀ ရက်က ရောက်ရှိလာခဲ့ပြီး ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်ထိ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation - SCO SUMMIT 2025)ကို တက်ရောက် လျက်ရှိသည်။
ထို့နောက် စက်တင်ဘာ ၃ ရက်တွင် ဘေကျင်းမြို့မှာ ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကိုလည်း တက်ရောက်မည်ဖြစ်သည်။
တရုတ်ခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်လည်းကောင်း၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးထားသည်။
အလားတူ တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်းကောာင်း၊ ဝူဟန်တက္ကသိုလ်က ဒုတိယအဓိပတိ ပါမောက္ခ Prof. Gong Wei နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးထားသည်။