CNI News
၂၀၂၅ ခုနှစ်၊ ၂၈
တရားမဝင်ကုန်သွယ်မှုဖြစ်ခြင်း၏ အဓိကမှာ ဝယ်လိုအား ရောင်းလိုအား မမျှခြင်းနှင့် အာဏာပိုင်အဖွဲ့အစည်း များ၏ မူဝါဒများကြောင့် ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
ထို demand supply မျှအောင်ဆိုသည်က ဘယ်ထိသွားရမလည်းဆိုလျှင် စီးပွါးရေစနစ်ထိသွားရမှာ သည်ကိစ္စ ကတော်တော်လေးကျယ်ပြန့်ခြင်း၊ အုပ်ချုပ်ရေးနေရာတွင် လိုအပ်လို့စိမံတာဖြစ်ပေမဲ့ စီးပွားရေးအမြင်တွင် ၎င်းက အတားအဆီးဖြစ်နေတာမျိုးများရှိတာကြောင့် ထိုကိစ္စမျိုးကို သေချာစီစစ်ပြီး ပြန်စဉ်းစားမှဘဲ ပြဿနာကပြီးမည်ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တရားမဝင် ကုန်သွယ်မှုများ များပြားလာကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လတွင် တရားမဝင် ကုန်သွယ်မှု ဖမ်းဆီးရရှိမှု အများဆုံးဖြစ်သည်ဟု နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်က ပြောသည်။
မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဂိတ်ကို တွေ့ရစဉ်
တရားမဝင် ကုန်သွယ်မှုများပြားလာခြင်းမှာ အစိုးရက ချမှတ်သည့် မူဝါဒများက အဟန့်အတားများဖြစ်ပေါ်လာ ခြင်း၊ ရောင်းလိုအားနှင့်ဝယ်လိုအား မမျှတခြင်းများကြောင့် ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဖြေရှင်းတယ်ဆိုတာက ဘယ်လိုပြောမလဲ ဆန်စဉ်ရာကျည်ပွေ့မလိုက်နိုင်လိုက်လို့တော့ မရဘူးလေ။ ဒါက အခုမှဖြစ်ဖူးတဲ့ကိစ္စတွေလည်း မဟုတ်ဘူးပေါ့။ ကျနော်တို့ ဘဝမှာလည်း အများကြီး ကြုံခဲ့ဖူးတာပဲဆိုတဲ့ အခါကျတော့ အဓိကတော့ ကျနော်တို့က ဘယ်လိုလုပ်ရင် အဆင်ပြေသွားမယ် ပြောလိုက်တာက လွယ်လွယ်လေး ပဲ။ ဒါပေမဲ့ ကျနော်ပြော လိုက်တိုင်းလည်းဖြစ်လာမှာ မဟုတ်ဘူး။ ပြောဖို့ကျတော့ နည်းနည်းခက်တာပေါ့။ ဒါက ဘာလဲဆိုတော့ အခြေခံအကြောင်းတရား root cause ကိုရှင်းနိုင်မှ root cause က အဓိက,ကတော့ ရောင်းလို အား ဝယ်လိုအားမမျှတာပဲပေါ့။ ဒုတိယအဆင့်ကျတော့ ရောင်းလိုအား ဝယ်လိုအားမမျှတဲ့ချိန်မှာပဲ ဘယ်လို ခေါ်မလဲ တစ်နည်းနည်းနဲ့ လည်ပတ်နေတာရှိတာပေါ့။ အဲခေတ်က အဲအနေအထား ကြည့်လိုက်တော့ အတားအဆီးတွေမရှိဘူး trade barrier(ကုန်သွယ်ရေးအတားအဆီး) ခေါ်တာပေါ့။ ဆိုတော့ ဒီအကြောင်းအရာကို မရှင်းဘဲနဲ့ဆိုတော့ ပြဿနာရှိတာပေါ့”ဟု ပြောသည်။
ကော့ကရိတ်မြို့နယ် ရန်ကုန်-မြဝတီအပိုင်း အာရှလမ်းမပေါ်ရှိ ကုန်တင်ကားတစ်စင်းကို တွေ့ရစဉ်
အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံအနက် မြန်မာနိုင်ငံအနေဖြင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် အဆင့် ၉ သာ ရရှိနေသည်ကို တွေ့ရှိရသည့်အတွက် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြင့်၍ ဆက်လက် ဆောင်ရွက်ရန် လိုအပ်ကြောင်း နစကဒုဥက္ကဋ္ဌက ပြောသည်။
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး နိုင်ငံပေါင်းစုံ မဟာမိတ်အဖွဲ့၏ ၂၀၂၅ ခုနှစ် ထုတ်ပြန်သည့် တရားမဝင် ကုန်သွယ်မှု အညွှန်းကိန်း 2025 Illicit Trade Index တွင်လည်း တရားမဝင် ကုန်သွယ်မှုများ အလွန်အကျူး ပြုလုပ်နေသည့်ကဏ္ဍ ၁၂ ရပ် ဖော်ထုတ်ထားသည်။
ထိုကိစ္စများတွင် လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များ၊ စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းနှင့် ပိုးသတ်ဆေးများ၊ အရက်၊ အတုအပ ကုန်စည်ပစ္စည်းများ၊ သစ်တောထွက်ကုန်များ၊ တရားမဝင် ငါးဖမ်းဆီးမှုများ၊ ရေနံထွက်ပစ္စည်းများ၊ ဆေးဝါးများ၊ အဖိုးတန်သတ္တုနှင့် ကျောက်မျက်များ၊ ဆေးရွက်ကြီးကုန်စည်များ၊ လူကုန်ကူးမှုများ၊ တောရိုင်း တိရစ္ဆာန်များ ပါဝင်ကြောင်း သိရသည်။