CNI International News

ဘန်ကောက်၊ ဇွန်လ ၂၆

ထိုင်းနိုင်ငံတွင် ပြည်ပနိုင်ငံသားများအား ကွန်ဒိုငှားရမ်း နေထိုင်ခွင့်ကို ၉၉ နှစ်အထိ တိုးမြှင့်ပေးမှုနှင့် ကွန်ဒိုမီနီယံ ပရောဂျက်များ၏ ၇၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခွင့်ပေးမှုသည် ထိုင်း၏ စီးပွားရေးအတွက် အကျိုးရှိစေလိမ့်မည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရာသာ သာဗီဆင် (Srettha Thavisin) က ပြောကြားခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ထိုအစီအစဉ်ကို ဘဏ္ဍာရေးဝန်ကြီးဌာနက အကြံရခဲ့ခြင်းဖြစ်ပြီး မြေရာနှင့် ကွန်ဒိုမီဒီယံအက်ဥပဒေများကို ပြဋ္ဌာန်းရန်အတွက် ဖြစ်နိုင်ခြေရှိသည့် အခြေအနေများအား လေ့လာသံးသပ်ရန် ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ပေးခဲ့သည်ဟု ဆရီသာက ပြောသည်။

နိုင်ငံခြားသားများအတွက် မြေနေရာ ငှားရမ်းအသုံးပြခွင့်ကို ၉၉ နှစ်အထိ တိုးမြှင့်ပေးမှုသည် ထိုမြေနေရာအား နိုင်ငံခြားသားများက ပိုင်ဆိုင်သည့် အဓိပ္ပာယ်မဟုတ်ကြောင်း အချို့နိုင်ငံများတွင်လည်း ထိုင်းနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများကို မြေနေရာ ငှားရမ်းအသုံးပြုခွင့် နှစ်ပေါင်း ၁၅၀ အထိ ခွင့်ပြုပေးထားကြောင်း ဆရီသာက ဇွန်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်းကွန်ဒိုအရောင်းကို လေ့လာနေကြစဉ်

ကွန်ဒိုမီနီယံ ပရောဂျက်များတွင် ပြည်ပပိုင်ဆိုင်ခွင့်ကို ၄၉ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးထားသော် လည်း ပြည်ပနိုင်ငံသားများအတွက် မဲပေးပိုင်ခွင့်သည် ၄၉ ရာခိုင်နှုန်းဖြင့် အပြောင်းအလဲ ရှိလိမ့်မည် မဟုတ် ကြောင်း ထိုင်းနိုင်ငံသားများအတွက် ၅၁ ရာခိုင်နှုန်း ဆက်လက်သတ်မှတ်ထားကြောင်း ဆရီသာက ပြောသည်။

ယခင်ကလည်း အလားတူ အစီအစဉ်မျိုး ပေါ်ပေါက်ခဲ့သော်လည်း ပြင်းထန်သည့် ဝေဖန်ကန့်ကွက်မှုများကြောင့် အကောင်အထည်မပေါ်ခဲ့ဘဲ ယခုအစီအစဉ်သစ်တွင် ထိုင်းနိုင်ငံအတွင်း၌ နိုင်ငံခြားသားများ မြေဝယ်ယူ ပိုင်ဆိုင်ခွင့် နှင့်ပတ်သက်သည့် စိုးရိမ်မှုများ၊ ထင်ကြေးပေးမှုများကို ဆရီသာက ငြင်းဆိုခဲ့သည်။

ဝန်ကြီးချုပ်ဆရီသာသည် နိုင်ငံရေးလောကအတွင်း မဝင်ရောက်မီက အောင်မြင်ကျော်ကြားသည့် အိမ်ခြံမြေ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

ထိုင်းစီးပွားရေး လုပ်ငန်းရှင်အချို့နှင့် အိမ်ခြံမြေ ကျွမ်းကျင်သူအချို့ကမူ ထိုအစီအစဉ်နှင့်ပတ်သက်ပြီး သံသယများ ရှိနေဆဲဖြစ်သည်။

ထိုင်းကွန်ဒိုအရောင်းကို လေ့လာနေကြစဉ်

ထိုင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် အစ္စာရက်စ် ရတ္တနဒီလွတ် နာ ဖူးခက် (Isares Rattanadilok Na Phuket) ကမူ ထိုအစီအစဉ်သည် အိမ်ခြံမြေစျေးကွက်နှင့် နိုင်ငံ့ဂျီဒီပီကို မြင့်တက်စေမည်ဆိုပါက ၎င်းအနေဖြင့် သဘောတူကြောင်း၊ သို့သော် ထိုအစီအစဉ်သည် မြေစျေးနှုန်းများကို မြင့်တက်စေနိုင်သဖြင့် ထိုင်းနိုင်ငံသားများ အနေဖြင့် ကွန်ဒိုများ သို့မဟုတ် မြေများကို ပိုင်ဆိုင်ရန် ခက်ခဲစေလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဟိုတယ် လုပ်ငန်းများတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ဟိုတယ်များထက် ထိန်းသိမ်းခ ပိုမိုနည်းပါ သည့် တိုက်ခန်းများတွင် ရင်းနှီးမြှုပ်နှံလာကြမည်ဆိုပါက ဟိုတယ်လုပ်ငန်းကိုလည်း ထိခိုက်စေလိမ့်မည်ဟု ၎င်းက ပြောသည်။

အိမ်ခြံမြေကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် ဒေါက်တာ ဆိုပွန် ပွန်ချော့ချိုင်း (Sopon Pornchokchai) ကလည်း အစိုးရအနေဖြင့် လက်ရှိ မရောင်းချရသေးသည့် ကွန်ဒိုမီနီယံများကို ရောင်းချမှု မြင့်တက်စေမည့် အစီအစဉ်ကို လုပ်ဆောင်ရန် အကြံပြုထားသည်။

Source: Thai PBS World