CNI News

၂၀၂၂ ခုနှစ်၊ မေ ၄

လျှပ်စစ်မီး ၄ နာရီလာပြီး ၁၂ နာရီပျက်မည်ဆိုသော အစီအစဉ်မရှိကြောင်းနှင့် လက်ရှိ ပုံမှန်ပေးနေသည့် ၄ နာရီခြားစီ အစီအစဉ်အတိုင်း လျှပ်စစ်မီးကို ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် လျှပ်စစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗိုလ်တထောင်မြို့နယ် လျှပ်စစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က ဒီလိုပဲ ပုံမှန်သွားနေတာပါ။ အဲ့ကြားထဲမှာတော့ ဝန်အားမနိုင်လို့ ပိတ်သွားတဲ့ အခါတွေတော့ ရှိမှာပေါ့”ဟု ပြောသည်။

မေလ ၁ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်မီး ၄ နာရီလာ ၊ ၁၂ နာရီ မီးပြတ်သည့်စနစ် စတင်ကျင့်သုံးမည်ဟု သတင်းများ ပျံ့နှံ့လျက်ရှိနေသည်။

လျှပ်စစ်မီတာ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(ယခု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနဟု ပြောင်းလဲဖွဲ့စည်းထား)မှ လျှပ်စစ်မီး ဖြန့်ဖြူးပေးဝေမှုအား မတ်လ ၁၂ ရက်မှ စတင်ကာ အချိန်အပိုင်းခြားဖြင့်သာ ပေး‌ဝေနေခြင်းဖြစ်ပြီး မေလအထိ ယခုကဲ့သို့ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။