CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အံခဲ- ဝဲဂ​လောင်း​ကျေးရွာ ပင်လယ်ပြင်ကမ်းခြေအနီးရှိ ကျိုက်နဲရေလယ် ဘုရားပွဲတော်သို့ ယနေ့ (နိုဝင်ဘာ ၂၁ ရက်) နံနက်ပိုင်းက ဘုရားတက်ချိန်တွင် ဒေသအသီးသီးမှ လာရောက်ဘုရားဖူးကြရာ ထိုအထဲမှ ရေနစ် သေဆုံးသူ ၁၅ ဦး၏ ရုပ်အလောင်းကို သံဖြူဇရပ် rescue အဖွဲ့က နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးနေကြောင်း သိရသည်။

Rescue အဖွဲ့က ပို့ဆောင်ပေးခဲ့သည့် ရုပ်အလောင်းများမှာ ဝေါ (၇)၊ သထုံ(၂)၊ မုတ္တမ(၁)၊ မြဝတီ(၁)၊ ကြာအင်းဆိပ်ကြီး(၁)၊ မော်လမြိုင်သရက်ကုန်(၁)၊ ရေးဓမင်းဆိပ်(၁)၊ မုဒုံ(၁) စုစု​ပေါင်း (၁၅)ဦး ဖြစ်ကြောင်း မွန်ပြည်နယ် ပရိဟတိလူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေါက်တာအောင်နိုင်ဉီးက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ပုံ-ယနေ့ ဘုရားဖူးလာရင် ရေနစ်သေဆုံးသူ ရုပ်အလောင်းကို နေရပ်ပြန်ပို့ရန် ဆောင်ရွက်ပေးနေစဉ် (ဒေါက်တာအောင်နိုင်ဉီး -ဖေ့စ်ဘွတ်ခ်)

ဘုရားဖူး လာရောက်သူများထဲမှ ၁၇ ဉီးထက်မနည်း ရေနစ်သေဆုံးခဲ့ကြောင်း မွန်ပြည်နယ်ဒေသတွင်း သတင်းဌာနတစ်ခု ဖြစ်သည့် မွန်သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။