CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၇

ထိုင်းစစ်သား ၃၆၀၀ ကျော်သည် နှုတ်ဆက်အရိုအသေပေးသည့် မွေထိုင်းရိုးရာဟန်ရေးပြအက ဝိုင်ခရူ(wai kru) ကို ပြုလုပ်ခဲ့သည်ဟု Bangkok Post သတင်းတွင် ဖော်ပြသည်။

ယင်းကို တနင်္လာနေ့ညနေပိုင်း ပရာချု့ခီရီခန်း (Prachuap Khiri Khan) တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ၎င်းဖြင့် ကမ္ဘာ့ ဂင်းနစ်မှတ်တမ်း စံချိန်သစ်ရရှိဖို့ရန် ရည်မှန်းထားခြင်းလည်း ဖြစ်သည်။

ဟွာအင် (Hua Hin) ခရိုင်ရှိ ရာဂျက်ဟက်တီ (Rajabhakti) ပန်းခြံတွင် ပြုလုပ်ခဲ့သော ဝိုင်ခရူအခမ်းအနားကို နာမည်ကျော်မွေထိုင်းတိုက်ခိုက်ရေးသမား ဗူကော ဘန်ချာမစ်ခ် (Buakaw Banchamek) က ဦးဆောင်ခဲ့သည်။

 ထိုင်းစစ်သား ၃၆၀၀ ကျော်မှ မွေထိုင်းရိုးရာဟန်ရေးပြအက ဝိုင်ခရူ ဖြင့် သရုပ်ဖော်ပြသနေစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

အဆိုပါအခမ်းအနားကို ဝန်ကြီး ချုပ် ပရာယွတ်ချန်အိုချာ (Prayut Chan-o-cha) နှင့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး နာရွန်ပန် ဂျစ်ကာသီ (Naronpan Jtkaethae) က တက်ရောက်ခဲ့သည်။

ယခုအခမ်းအနားသည် ပထမဆုံးသော Amazing Muay Thai Festival ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဖေဖော်ဝါရီ ၆ ရက်နေ့သည် ထိုင်းနိုင်ငံ၏ မွေထိုင်းအမျိုးသားနေ့ ဖြစ်သည်။

အစောပိုင်းတွင် ယင်းအခမ်းအနားကို စစ်သားပေါင်း ၅၀၀၀ နှင့် ကျင်းပပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သော်လည်း နေရာအခက်အခဲကြောင့် စစ်သား ၃၆၅၀ ဖြင့် လုပ်ဆောင်ခဲ့ရသည်။ အဆိုပါ တနင်္လာနေ့ အခမ်းအနားတွင် မွေထိုင်းတိုက်ခိုက်ရေးပုံစံများကို သရုပ်ပြခြင်းတစ်ခုလည်း ပါဝင်သည်ဟု သိရသည်။

Source:Bangkokpost