CNI News

၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၁၃ မြန်မာနိုင်ငံတွင် ပင်လယ်နှင့်ကုန်းပေါ်တို့၌ သေဆုံးနေသည့် လိပ်များမှာ တစ်နှစ်လျှင် ပျမ်းမျှအကောင်ရေ ၂၀ ခန့်ရှိကြောင်းနှင့် လိပ်မျိုးစိတ် ၃၁ မျိုးရှိသည့်အထဲတွင် ၂၃ မျိုးမှာ မျိုးတုံးမည့်အန္တရာယ်ဖြင့် ရင်ဆိုင်နေရကြောင်း လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့မှ သိရသည်။ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့(TSA)မှ ဒါရိုက်တာ ဒေါ်ကလျာက “မြန်မာနိုင်ငံမှာ ရေချိုလိပ်ရော ရေချိုလိပ်ဆိုတာ မြစ်တွေ ချောင်းတွေမှာနေတယ်။ တောတောင်တွေထဲမှာနေတဲ့ ရေချိုလိပ်တွေရော။ နောက် ပင်လယ်ထဲမှာနေတဲ့ ပင်လယ်လိပ်တွေရောဆိုရင် စုစုပေါင်း မျိုးစိတ် ၃၁ မျိုးရှိတယ်။ အဲ့ဒီ ၃၁ မျိုးထဲမှာ မျိုးစိတ်ပေါင်း တော်တော် များများက မျိုးတုံးလုနီးပါးကို ဖြစ်နေပြီ။ အတိအကျပြောရရင် မျိုးတုံးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျိုးစိတ် ပေါင်းက ၂၃ မျိုးရှိတယ်။ သူတို့က မျိုးတုံးဖို့အန္တရာယ် အရမ်းကိုနီးကပ်နေပြီ။ နီးကပ်နေပြီဆိုတာ အကောင် အရေအတွက်တွေ တော်တော်ကို နည်းပါးလာပြီ” ဟု CNI သတင်းဌာနသို့ ပြောသည်။ #လိပ်မျိုးစိတ် #ပင်လယ်လိပ် #မြန်မာနိုင်ငံ #ရေလိပ် #ခွံပျော့လိပ် #ခွံမာလိပ် #ရေချိုမြစ် #မျိုးတုံးမည့်အန္တရာယ် #ရေချိုလိပ် #cninews #CNIMyanmar #ChannelNewsIndependent

Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/all/environment/1642-2021-10-13-07-52-18