CNI International News

ဘာစီလိုနာ(စပိန်)၊ ဖေဖော်ဝါရီ ၂၈

အထုပ်တစ်ဖက်၊ ကလေးတစ်ဖက်ဖြင့် ယူကရိန်းနိုင်ငံမှ စစ်ဘေးရှောင်ဒုက္ခသည်များ ထောင်နှင့်ချီ၍ ရောက်ရှိလာခြင်းကို အိမ်နီးချင်း ဥရောပနိုင်ငံများက လက်ခံကြိုဆိုလျက် နေရာချထားပေးနေကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ပိုလန်၊ ဟန်ဂေရီ၊ ဘူလ်ဂေးရီးယား၊ မော်လ်ဒိုဗာနှင့် ရိုမေးနီးယားကဲ့သို့ နိုင်ငံများမှ ခေါင်းဆောင်များက ယူကရိန်းဒုက္ခသည် များကို ပျူငှာလှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

ယခု ယူကရိန်းဒုက္ခသည်များသည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရွှေ့ပြောင်းလာသူများ၊ ဆီးရီးယားနိုင်ငံသား ဒုက္ခသည် များနှင့် မတူကွဲပြားလျက် ဥရောပနိုင်ငံများ ယင်းကဲ့သို့ လိုလိုလားလား လက်ခံနေကြခြင်း ဖြစ်သည်။

“ဒီလူတွေဟာ ဥရောပသားတွေပါ” ဟု ဘူလ်ဂေးရီးယားဝန်ကြီး ကီရယ်ပက်ကော့ဗ်က ယခုသီတင်းပတ် အစောပိုင်း၌ သတင်း ထောက်များကို ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံသားများ ဉပရောနိုင်ငံများသို့ တိမ်းရှောင်လာနေကြ(AP)

“ဒီလူတွေက ဉာဏ်ကောင်းကြတယ်။ ပညာတတ်တွေပဲ။ ကျနော်တို့ အရင်မြင်နေကျ ဒုက္ခသည်တွေနဲ့ မတူပါဘူး။ အရင်မြင် နေကျ ဒုက္ခသည်တွေကျတော့ အထောက်အထားမခိုင်လုံဘဲ အခန့်မသင့်ရင် အကြမ်းဖက်သမားတောင် ဖြစ်ချင်ဖြစ်နေ တတ် တာမျိုး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“တနည်းပြောရရင် အခုလာတဲ့ ဒုက္ခသည်တွေကို ကြောက်ရတဲ့ ဥရောပနိုင်ငံဆိုလို့ တစ်နိုင်ငံမှ မရှိပါဘူး” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
၎င်း၏ ပြောကြားချက်သည် လူမျိုးရေးခွဲခြားမှုနှင့် အစ္စလာမ္မစ် ကြောက်ရွံ့မုန်းတီးစိတ်များ ရောထွေးနေသည်ဟု ဆီးရီးယား ဂျာနယ်လစ်တစ်ဦးဖြစ်သူ အိုကဘာမိုဟာမက်က ဝေဖန်ခဲ့သည်။

ယူကရိန်းအရေးနှင့် ပတ်သက်လာသည့်အခါ ဥရောပတွင် ယခင် ရွှေ့ပြောင်းနေထိုင်သူများအရေးကို အပြင်းအထန် ဆန့်ကျင် ခဲ့ဖူးသူ ခေါင်းဆောင်အချို့က လေသံပြောင်းလာခဲ့ကြသည်။

Source: AP