CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
ချယ်လ်ဆီး အသင်းပိုင်ရှင် ရုရှားဘီလျံနာ အေဘရာမိုဗစ်ခ်ျဟာ အသင်းရဲ့အုပ်ချုပ်မှုအပိုင်းကို အသင်းဖောင်ဒေးရှင်းဖြစ်တဲ့ Charitable foundation ကို လွှဲပြောင်းပေးလိုက်ပြီလို့ ထုတ်ပြန်လိုက်ပါတယ်။
အေဘရာမိုဗစ်ခ်ျဟာဆိုရင် ရုရှားနဲ့ ယူကရိန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကြောင့် အသင်းအပေါ် ထိခိုက်လာမှာကို စိုးရိမ် နေတဲ့အတွက် ဒီလိုပြုလုပ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။ အေဘရာမိုဗစ်ခ်ျဟာ ရုရှားသမ္မတ ပူတင်နဲ့ ရင်းနှီး တဲ့ ဆက်ဆံရေးတွေကြောင့် ပိတ်ဆို့မှုတွေ ခံရဖို့ ရှိနေတာ ဖြစ်ပါတယ်။
အေဘရာမိုဗစ်ခ်ျက "အသင်းကို နှစ်ပေါင်း(၂၀)နီးပါး ပိုင်ဆိုင်ခဲ့ချိန်မှာ ကလပ်ကို စောင့်ထိန်းတဲ့သူ တစ်ယောက်အနေနဲ့ ကျနော့်ရဲ့ အခန်းကဏ္ဍကို အမြဲတမ်း ရှုမြင်ခဲ့ပြီး ဒီအလုပ်က ဒီနေ့ ကျနော်တို့ လုပ်နိုင်သလောက် အောင်မြင်စေတဲ့အပြင် အနာဂတ်အတွက်ပါ တည်ဆောက်ပေးတာပါ။ ကျနော်တို့ရဲ့ လူမှုအသိုင်းအဝန်းမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ပါတယ်"လို့ ပြောပါတယ်။
ရုရှားက ယူကရိန်းကို စစ်တိုက်ရာ ပျက်စီးမှုများကိုတွေ့ရစဉ်(GETTY IMAGES)
ဒါ့အပြင် အေဘရာမိုဗစ်ခ်ျက "ကျနော်ဟာ ကလပ်အတွက် အကောင်းဆုံးဖြစ်နိုင်မယ့် ဆုံးဖြတ်ချက်တွေကို အမြဲတမ်း ချမှတ် ခဲ့တာပါ။ ကျနော်ဟာ ချယ်လ်ဆီး အသင်းရဲ့ Charitable foundation ကို အုပ်ချုပ်မှုနဲ့ စောင့်ရှောက်မှုတွေ ပြုလုပ်နေတာပါ။ လက်ရှိအချိန်မှာ သူတို့က ကလပ်၊ ဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ အကျိုးစီးပွားကို ဂရုစိုက်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေတယ်ဆိုတာ ကျနော် ယုံကြည်တယ်"လို့ ပြောပါတယ်။
ဒီလို လုပ်ဆောင်မှုဟာ အမြဲတမ်းလား ယာယီပဲလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အေဘရာမိုဗစ်ခ်ျဟာ ချယ်လ်ဆီး အသင်းကို ၂၀၀၃ ခုနှစ်ကတည်းက ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အသင်းကို ဥရောပထိပ်သီး အသင်းဖြစ်အောင် ပံ့ပိုး ပေးခဲ့သူလည်း ဖြစ်ပါတယ်။
Source: Metro