CNI International News
ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၅
ယူကရိန်းနိုင်ငံကို ဖေဖော်ဝါရီ ၂၃ ရက်အစောပိုင်းက စတင်ကျူးကျော်လာကတည်းက ရုရှားတပ်ဖွဲ့ဝင် ၈၀၀ ခန့် အသေ အပျောက်(သေဆုံး/ဒဏ်ရာရ/ပျောက်ဆုံး)ရှိကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်ဟု CNN က ရေးသား ဖော်ပြထားသည်။
ထို့နောက် ရုရှားတင့်ကား အစီးရေ ၃၀ ကျော်အပြင် ရုရှားလေယာဉ် ခုနစ်စင်းနှင့် ရဟတ်ယာဉ်ခြောက်စင်း တို့ကိုလည်း ဖျက်ဆီးခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့သည်။
CNN အနေဖြင့် ယူကရိန်းမှ ထုတ်ပြန်သောကိန်းဂဏန်းများကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
Source: CNN