CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅

နစက-က သေဒဏ်ကျခံနေရသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လူ ၄ ဦး၏ သေဒဏ်စီရင်မှု ပြီးစီးသွားကြောင်း ထုတ်ပြန်ခဲ့ခြင်းကြောင့် သတင်းမှန်ကန်လျှင် ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်မည့် နိုင်ငံရေးအလားလာ လမ်းစကောင်း များကို နစကမှ ရင့်သီးစွာ ခြေဖြင့် နင်းခြေဖျက်ဆီးပြလိုက်သည်ဟု ရှုမြင်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ (ဇူလိုင် ၂၅ ရက်) ထုတ်ပြန်ခဲ့သည်။

AA က “ ဤလုပ်ရပ်သည် အမှန်တကယ်ဖြစ်ခဲ့ပါက နိုင်ငံတကာ၊ အိမ်နီးနားချင်းနိုင်ငံကြီးများနှင့် အာဆီယံ အသိုင်းအဝိုင်းမှ ကမကထပြု တိုက်တွန်းကူညီလုပ်ဆောင်ပေးနေသော ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်မည့် နိုင်ငံရေးအလားလာ လမ်းစ ကောင်းများကို နစကမှ ရင့်သီးစွာ ခြေဖြင့် နင်းခြေဖျက်ဆီးပြလိုက်သည်ဟု ရှုမြင်သုံးသပ်မိပါသည်”ဟု ပြောသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် ၊ ကိုလှမျိုးအောင်၊ ကိုသူရအောင်ဇော်တို့ ၄ ဦးကို သေဒဏ် စီရင်ပြီးစီးကြောင်း ယနေ့ (ဇူလိုင် ၂၅ ရက်)တွင် နစက၏ ပြန်ကြားရေးဝန်ကြီးဌာနပိုင် သတင်းစာများ၌ ထုတ်ပြန်ခဲ့သည်။