CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅

မန္တလေး နန်းမြို့ရိုးက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဂိတ်ပေါက်ရှိ စစ်တပ်ဂိတ်တစ်ခုကို မန္တလေးမြို့ပြပျောက်ကြားအဖွဲ့များ ပူးပေါင်း၍ ယနေ့ (ဇွန်လ ၁၅ ရက်) ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Mandalay Ranger Force-PDF က ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်တပ်ဂိတ်ကို ROM၊ YURF ၊ Mandalay Ranger Force-PDF နှင့် မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့နောက် စစ်ကား တချို့ရောက်လာပြီး မန္တလေးမြို့တွင်း စစ်ဆေးရေးများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။