CNI News 

၂၀၂၆ ခုနှစ်၊ မတ်လ ၁၈

‎တတိယအကြိမ် အမျိုးသားလွှတ်တော်၏ သဘာပတိအဖြစ် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၅) ဒေါ်ဒွဲဘူက တင်မြှောက်ခံရသည်။

တတိယကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို မတ် လ ၁၈ ရက်မှာ စတင်ကျင်းပနေခြင်း ဖြစ်သည်။ 

ထိုအစည်းအဝေးတွင် အမျိုးသားလွှတ်တော်၏ သဘာပတိအဖြစ် ဒေါ်ဒွဲဘူကို အမည်စာရင်း တစ်စောင်သာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။