ဂျိုဟန်နက်စဘတ်၊ ဒီဇင်ဘာ ၁၆
သမ္မတဟောင်း ဂျက်ကော့ဇူးမားကို ဆေးဝါးကုသရန်အလို့ငှာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးရန် အစောပိုင်းက ဆုံးဖြတ်ချက်ကို တောင်အာဖရိကတရားရုံးချုပ်က ခေတ္တဘေးဖယ်လိုက်ပြီး ထောင်ထဲပြန်ပို့ရန် အမိန့်ထုတ်ခဲ့ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် စီရင်ချက်ချခဲ့သည်ဟု စီအင်န်အင်န်သတင်းဌာနက ရေးသားဖော်ပြသည်။
အသက် ၇၉ နှစ်ရှိပြီဖြစ်သည့် ဇူးမားသည် ပြီးခဲ့သည့် စက်တင်ဘာလ ဆေးစစ်ချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်အရ ထောင်မှ ပြန်လွတ်လာခဲ့သော်လည်း အကျင့်ပျက်ခြစားမှုစုံစမ်းရေးအတွက် ပူးပေါင်းပါဝင်ရန် ညွှန်ကြားချက်များကို လျစ်လျူရှုခဲ့ခြင်း ကြောင့် တရားရုံးအပေါ် မထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် ၁၅ လ ကျခံစေခဲ့သည်။
ယင်းစက်တင်ဘာလမှာပင် တောင်အာဖရိက ထိပ်တန်းတရားရုံးက ဇူးမားအပေါ်စီရင်ချက်ကို ပယ်ဖျက်ပေးရန် ကမ်းလှမ်း ချက်ကိုလည်း လက်မခံခဲ့ပေ။
ပြီးခဲ့သည့် ၉ နှစ်တာကာလအတွင်း အဂတိလိုက်စားမှုစွဲချက်များအတွက် တရားစီရင်ရေးလုပ်ငန်းစဉ်များအရ အသား အရောင်ခွဲခြားမှုတိုက်ဖျက်ရေးအလွန် တောင်အာဖရိကတရားဥပဒေစိုးမိုးရေး တွန်းအားပေးသည့် စွမ်းရည်တစ်ရပ် စမ်းသပ်မှုအဖြစ် ဇူးမားအမှုကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။
ဇူးမားအပေါ် ထောင်ဒဏ်ကျခံစေရန် ယခုနှစ်လယ်ပိုင်း ဇူလိုင် ၇ ရက်က စီရင်ချက်ချခဲ့ပြီးနောက် တောင်အာဖရိကနိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း အဆိုးဝါးဆုံးအကြမ်းဖက်မှုထောက်ခံသူများက လမ်းပေါ်ထွက်၍ ဒေါသတကြီးဖြင့် ဆန္ဒပြခဲ့ ကြသည်။
ပြည်တွင်း၌ အသားအရောင်ခွဲခြားဆက်ဆံမှု အဆုံးသတ်ပြီး ၂၇ နှစ်အကြာ တောင်အာဖရိကတွင် ဆက်ရှိနေသည့် ဆင်းရဲ မွဲတေမှုနှင့် မညီမျှမှုတို့ကြောင့် လုယက်မှုများနှင့်အတူ ဒေါသတကြီးဖြင့် လမ်းပေါ်ထွက် ဆန္ဒပြပွဲများလည်း အများအပြား ပေါ်ပေါက်လာခဲ့သည်။ ဆန္ဒပြမှုများကြောင့် လူ ၃၀၀ ကျော်သေဆုံးပြီး ထောင်နှင့်ချီသော စီးပွားရေးလုပ်ငန်းများ လုယက် ဖျက်ဆီးခံခဲ့ရသည်။
ဇူးမားကို ဥပဒေအကျိုးဆောင်ပေးနေသည့်အဖွဲ့အနေဖြင့် နောက်ဆုံးတရားရုံးစီရင်ချက်အပေါ် အယူခံဝင်နေကြောင်း ၎င်း၏ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။
“အခု စီရင်ချက်ဟာ အတိအလင်းမှားယွင်းနေပြီးတော့ အထက်တရားရုံးတစ်ရုံးကနေ လုံးဝကွဲပြားတဲ့ ကောက်ချက်ချဖို့ ခိုင်မာတဲ့အလားအလာ ရှိပါတယ်” ဟု ဇူးမားဖောင်ဒေးရှင်းက တွစ်တာလူမှုကွန်ရက်တွင် ရေးသားထုတ်ပြန်ခဲ့သည်။
ယခု ဇူးမားအပေါ်စီရင်ချက်ကို ပြန်လည်ပြင်ဆင်သုံးသပ်ရေးဌာနက လေ့လာနေပြီး နောက်ထပ်မည်သည့် ကြေညာချက် မျိုးမဆို ဆက်လက်ထုတ်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။
ဇူမားသည် ၂၀၀၉-၂၀၁၈ ခုနှစ်အတွင်း သမ္မတရာထူးရှိနေစဉ်အတွင်း အကျင့်ပျက်ခြစားမှုရှိခဲ့ကြောင်း စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရပြီး ၂၀၀၅ ခုနှစ်က ၎င်း၏လက်ထောက်သမ္မတထုတ်ပယ်ခံရခြင်းအပေါ် ဆက်စပ်၍ ဒေါ်လာ ၂ ဘီလီယံတန် လက်နက်ရောင်းဝယ်ရေးအမှုတွင် ပါဝင်ပတ်သက်မှုနှင့်လည်း ကြုံနေရသည်။
Source: CNN