CNI International News
ပြုံယမ်း၊ မေလ ၃၁
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် မေလ ၂၇ ရက်က ပါတီအစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့ပြီး စစ်အင်အားတိုးချဲ့မှုကို အလေးထား ပြောဆိုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့နောက် မေလ ၂၈ ရက်က အမြောက်ပစ် စစ်ရေးလေ့ကျင့်မှုကို လေ့လာကြည့်ရှုခဲ့သည်။
မေလ ၂၈ ရက် မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီ၏ ထုတ်ပြန်ချက်အရ ကင်မ်သည် ကိုရီးယား အလုပ်သမားပါတီ၏ (၈)ကြိမ်မြောက် ဗဟိုစစ်ကော်မရှင် အစည်းအဝေးတွင် ပါတီ၏ သက်ဆိုင်ရာ အဖွဲ့အစည်း များအနေဖြင့် စစ်အင်အား တည်ဆောက်မှုနှင့် စစ်ရေးလှုပ်ရှားမှုများ၌ ပြဿနာများကို ဖြေရှင်းရာတွင် ခိုင်မာသည့် ခေါင်းဆောင်မှု နေရာမှ ပါဝင်သင့်ကြောင်း တိုက်တွန်းခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
အင်အားကြီး စစ်တပ်ကို တည်ထောင်ရန် အမှန်တကယ် ဖြစ်ပွားနေသည့် စစ်ပွဲ အခြေအနေနှင့် အနီးစပ်ဆုံး တူညီမှုရှိသော စစ်ရေးလေ့ကျင့်မှုများအား မကြာခဏ လုပ်ဆောင်ခြင်းသည် အလွန်အရေးကြီးကြောင်းလည်း ကင်မ်က ပြောကြားခဲ့သည်။
ကင်မ်သည် မကြာသေးမီ သီတင်းပတ်များအတွင်းကလည်း စစ်တပ်ကို အင်အားတိုးမြှင့်ရန် အာရုံစိုက် လုပ်ဆောင်ခဲ့သည်။
မေလ ၁ လထဲမှာပင် ကင်မ်သည် တင့်ကားစက်ရုံ၊ လက်နက်ခဲယမ်း စက်ရုံများကို သွားရောက်ကြည့်ရှုခဲ့ပြီး တာတိုပစ် ဒုံးပျံစမ်းသပ်မှု၊ လေကြော င်းစစ်ရေးလေ့ကျင့်မှုတို့ကို ကြီးကြပ်ခဲ့သည်။
ထို့ပြင် မကြာသေးမီက စစ်သင်္ဘောတစ်စင်း ရေချသည့် အခမ်းအနားတွင် မတော်တဆဖြစ်ခဲ့ပြီး သင်္ဘောထိခိုက် သွားသည့် ဖြစ်ရပ်ကိုလည်း ကင်မ်က ရာဇဝတ်မှုအဖြစ် ရှုတ်ချပြောဆိုခဲ့သည်။
Source: ရိုက်တာ