CNI News

၂၀၂၅ ခုနှစ်၊ မေလ ၂၆

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ကွန်ဗင်းရှင်းစင်တာတွင် (၄၆)ကြိမ်မြောက် အာဆီယံထိပ်သီး ခေါင်းဆောင် များ အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်က ကျင်းပနေကြသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံက နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ရောက်ခွင့် မပြုဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သာ တက်ရောက်ခဲ့သည်။

ယနေ့ ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရန် အာဆီယံ ၏ ဘုံသဘောထား ၅ ချက်နှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ကြမည်ဖြစ်ကြောင်း သိရသည်။