CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မျက်မှောက်ခေတ်တွင် အသုံး တွင်ကျယ်လာသော ဒရုန်းနည်းပညာကို နိုဝင်ဘာ ၈ ရက်နေ့က သွားရောက် လေ့လာနေသည်ကို တွေ့ရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က တရုတ်နိုင်ငံ၊ ချုံချင့်မြို့ရှိ ဒရုန်းထုတ်လုပ်ရေး စက်ရုံသို့ သွားရောက်၍ လေ့လာခဲ့သည်ကို ဓာတ်ပုံများကနေတဆင့် တွေ့ရသည်။
တရုတ်နိုင်ငံထုတ် ဒရုန်းများသည် စိုက်ပျိုးရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုကြသလို စစ်ဘက်ဆိုင်ရာ လုပ်ငန်းစဉ်များမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲများတွင်လည်း တရုတ်လုပ် ဒရုန်းများကို တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများက တွင်တွင်ကျယ်ကျယ် သုံးစွဲနေသလို မြန်မာ့တပ်မတော်ကလည်း အသုံးပြုမှုများလုပ်လာနေ ကြောင်း သိရသည်။