CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၀
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး ၂၁/၂၀၂၁ ၏ နိုဝင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် တပ်မတော်အား အကြမ်းဖက်အဖြစ် စွပ်စွဲထားသည့်သဘောသက်ရောက်နေကြောင်း တွေ့ရှိရပြီး NCA ပါ ပြဋ္ဌာန်းချက်အား ဖောက် ဖျက် ကျူးလွန်နေကြောင်း တွေ့ရှိရသည်အတွက် ကန့်ကွက်ကြောင်း NSPNC က နိုဝင်ဘာ ၉ ရက်တွင် စာပို့ခဲ့သည်။
PPST ၏ ရည်ညွှန်းစာဖြင့် ထုတ်ပြန်ကြေညာချက်ပါ အပိုဒ်(၆)အား NCA ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အလေးထား လိုက်နာဆောင်ရွက်၍ လိုအပ်သလို ပြန်လည် ပြင်ဆင်သွားရန် အကြောင်းကြားသည်ဟု NSPNC က ဆိုသည်။
NSPNC သည် နစက-က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည် အကောင် အထည်ဖော်နိုင်ရေးအတွက် ဖွဲ့စည်း ပေးထား သည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်း ရေး ကော်မတီ ဖြစ်သည်။