CNI International News

ပေကျင်း ၊ မေလ ၈

တရုတ်သည် အထက်တန်းကျောင်းများနှင့် တက္ကသိုလ်များတွင် စစ်သင်တန်းများ သင်ကြားမည့် အဆိုပြုထား သော ဥပဒေအောက်တွင် မူလတန်းကဲ့သို့ ငယ်ရွယ်သည့် ကျောင်းသားများအကြား အမျိုးသားကာကွယ်ရေး သတိရှိမှုကို မြှင်တင်ရန် ဆန္ဒရှိနေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုဥပဒေ၏ ရည်ရွယ်ချက်မှာ လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်အားလုံးကို အမျိုးသားကာကွယ်ရေးနှင့်ပတ်သက်သည့် သီအိုရီ၊ ဗဟုသုတနှင့် အရည်အချင်းများကို သင်ကြားပေးရန်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးပညာရေး ဥပဒေကို ပြန်လည်ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။

တရုတ်သည် ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ် အရေးများတွင် အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်နေ သည့် အချိန်တွင် ၂၀၁၈ ခုနှစ်နောက်ပိုင်း ထိုဥပဒေကို ပထမဆုံးအကြိမ် ပြင်ဆင်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တက္ကသိုလ်အချို့၌ ကျောင်းသားများကို ကျည်အစစ်များ၊ တင့်ကားများဖြင့် စစ်သင်တန်းများ သင်ကြားပြသခွင့် ပြုထားသည်။

တရုတ်ကလေးငယ်များကိုတွေ့ရစဉ်

ထိုဥပဒေပြင်ဆင်သည့် မူကြမ်းကို တရုတ်အမျိုးသား ပြည်သူ့လွှတ်တော်၏ အမြဲတမ်းကောင်မတီက ပြီးခဲ့သည့် လကုန်ပိုင်းတွင် ပထမအကြိမ် ဖတ်ကြားခဲ့ပြီး လူထုကို မှတ်ချက်ပေးခွင့် ပြုခဲ့သည်။

အဆိုပါဥပဒေမူကြမ်းတွင် မူလတန်းအရွယ် ကျောင်းသားများအကြား အမျိုးသားကာကွယ်ရေး အသိကို နည်းနည်း ချင်းစီ သွပ်သွင်းပေးရန် တိုက်တွန်းထားသည်။ 

အလယ်တန်းကျောင်းသားများသည် အခြေခံဗဟုသုတနှင့် ကျွမ်းကျင်မှုများကို သင်ယူရမည်ဖြစ်ပြီး အထက်တန်း ကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများသည် စစ်သင်တန်းများကို မဖြစ်မနေ သင်ယူရမည်ဖြစ်သည်။

ထိုကဲ့သို့ ပညာရေးနှင့် စစ်သင်တန်းပေးမှုကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ လမ်းညွှန်မှု ဖြင့် သင်ကြားပြသပေးမည် ဖြစ်သည်။

ဒေသန္တရအစိုးရများအနေဖြင့် ကာကွယ်ရေးပညာရေး ကုန်ကျစရိတ်များကို ၎င်းတို့၏ အသုံးစရိတ်အတွင်း ထည့်သွင်းရန် လိုအပ်လိမ့်မည်ဖြစ်ပြီး ထိုဥပဒေချိုးဖောက်မှုများ ရှိလာခဲ့မည်ဆိုပါက ပြည်နယ်အေဂျင်စီများ၊ တက္ကသိုလ်များနှင့် အခြားအဖွဲ့များက တာဝန်ခံရမည်ဖြစ်သည်။

Source: Nikkei Asia