CNI International News

မော်စကို ၊ မတ်လ ၂၁

ရုရှားနိုင်ငံအတွင်းရှိ နိုင်ငံရေးအင်အားစုများ အားလုံးအနေဖြင့်  နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် သဘော တူညီချက်များကို ရှာဖွေရာတွင် စည်းလုံးညီညွတ်စွာရှိသင့်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က အောက်လွှတ်တော် အဖွဲ့ခွဲများမှ ခေါင်းဆောင်များနှင့် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

"ရွေးကောက်ပွဲကာလအတွင်း ရုရှားပြည်သူတွေဟာ သူတို့ရဲ့ တာဝန်ကို အပြည့်အဝ ထမ်းဆောင်ခဲ့ပြီးပါပြီ။ အခုက ကျနော်တို့ အလှည့်ပါ။ အာဏာပိုင်တွေအနေနဲ့ ပြည်သူတွေရဲ့ရှေ့မှောက်မှာ မိမိတို့ တာဝန်တွေကို အပြည့်အဝ ထမ်းဆောင်ရပါမယ်" ဟု ပူတင်က ပြောကြားခဲ့သည်။ 

ထို့ပြင် နိုင်ငံ၏ အကျိုးစီးပွားများအတွက်လည်း မိမိတို့ ညီညွတ်ရမည်ဟု ရုရှားသမ္မတက ထောက်ပြ ပြောဆိုခဲ့ သည်။

 ပူတင်ကို တွေ့ရစဉ်

"အခုအချိန်အထိ ပြည်ပဖိအားတွေအောက်က ခက်ခဲတဲ့ အခြေအနေတွေမှာ ကျနော်တို့ ညီညွတ်စွာ ရပ်တည်နိုင်ခဲ့ ပါတယ်" ဟု ပူတင်က ပြောကြားခဲ့ပြီး နိုင်ငံရေးအင်အားစုများမှ ကိုယ်စားလှယ်များနှင့် အာဏာပိုင်များအနေဖြင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

"အဲဒီနောက်မှာတော့ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အဓိက အလုပ်တာဝန်တွေနဲ့ အဓိက ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေ အားလုံးဟာ အောင်မြင်ပြီးမြောက်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး" ဟု ပူတင်က နိဂုံချုပ်အဖြစ် ပြောကြားခဲ့သည်။

Source: တာ့စ်