CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅

အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကနေ မှတ်ပုံတင်ကျ ထားသော နိုင်ငံရေးပါတီများသည် ဇန်နဝါရီ ၁၂ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

အဆိုပါတွေ့ဆုံမှုတွင် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးကြမည်ဖြစ်သည်။

သို့သော် အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမည့်ကိစ္စအား ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်(UEC)က ဖိတ်ကြားခြင်းသည် လုပ်ထုံးလုပ်နည်းအရ လွှဲမှားနေကြောင်း ပြည်တွင်းနိုင်ငံရေးသမား များက ထောက်ပြလျက်ရှိသည်။

 နိုင်ငံရေးပါတီ ကိုယ်စားလှယ်တချို့နဲ့ UEC ဥက္ကဋ္ဌ ဦးသိန်းစိုးကိုတွေ့ရစဉ်

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “ UEC က လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ တာဝန်ရှိတာ မှန်ပေ မယ့် အခုလို အာဆီယံအထူးကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံမှုဟာကိုတော့ သူက ဖိတ်ကြားလာ တာ ဘာမှမဆိုင်ဘူး။ တခြားလူတွေက တမျိုးထင်သွားနိုင်တယ်။ ဘာလို့ဆို နိုင်ငံရေးပါတီတွေကို ထိန်းချုပ် ထားသလိုဖြစ်နေတယ်။ နောက်တစ်ခုက အာဆီယံအထူးကိုယ်စားလှယ်ရုံးက ဖိတ်ကြားရမှာလေ။ ဒါလို လွဲမှား မှုတွေက SAC ရဲ့ အင်စတီကျူရှင်းအားကောင်းရေးထက် ထိခိုက်စေတဲ့အနေအထား သွားဖြစ်တယ်”ဟု ပြော သည်။

ဇန်နဝါရီ ၁၂ ရက်တွင် နိုင်ငံရေးပါတီများသည် အာဆီယံအထူး ကိုယ်စားလှယ်နှင့်တွေ့ဆုံပြီးပါက ပါတီစုံဒီမိုက ရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အကြုံပြုချက်စာတမ်းကို UEC ထံ ရေးသား တင်ပြ ရမည်ဟုလည်း သိရသည်။

ထိုသို့ ရွေးကောက်ပွဲ စာတမ်းကို ရေးသားတင်ပြရာတွင် တစ်နိုင်ငံလုံး ယှဉ်ပြိုင်မည့် ပါတီဖြစ်ပါက တစ်နိုင်ငံလုံး အတိုင်းအတားဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွက်လည်းကောင်း စာတမ်း ၁ စောင်ဆီ တင်ပြရမည်ဟု နိုင်ငံရေးပါတီများထံမှ သိရသည်။

လက်ရှိတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့မှာ အသစ်ပြဋ္ဌာန်းထားလာသော နိုင်ငံရေးပါတီများ ပြန်လည် မှတ်ပုံတင်ခြင်း ဥပဒေထွက်ပြီးနောက် UEC သို့ ပါတီမှတ်ပုံတင်ခွင့်ကျထားသည့် နိုင်ငံရေးပါတီ ၄၅ ပါတီရှိ သည်။