CNI International News

ဘေဂျင်း၊ မတ်လ ၁၀

တရုတ်လက်နက်ကိုင်တပ်ဖွဲ့များကို ကမ္ဘာ့အဆင့် စံချိန်များနှင့်အညီ ဖြစ်စေရန် မြန်မြန်ဆန်ဆန် အဆင့်မြှင့် တင်သင့်သည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

မဟာဗျူဟာမြောက် အန္တရာယ်များကို ဖြေရှင်းရန်၊ မဟာဗျူဟာမြောက် အကျိုးစီးပွားကို ကာကွယ်ရန်နှင့် မဟာ ဗျူဟာမြောက် ရည်ရွယ်ချက်များကို နားလည် သဘောပေါက်စေရေး နိုင်ငံ၏အလုံးစုံ အင်အားကို စနစ်တကျ အဆင့်မြှင့်တင်ရန်အတွက် နိုင်ငံတော်မဟာဗျူဟာမြောက် လုပ်နိုင်စွမ်းကို အမြင့်ဆုံးတွင် ထားရှိရမည်ဟု ရှီက ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကိုယ်စားပြု လွှတ်တော် အခမ်းအနားတွင် ကိုယ်စားလှယ်များကို ရှီက ထိုသို့ ပြောခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ရှီကျင့်ဖျင်နဲ့ တရုတ်စစ်တပ် အရာရှိများကိုတွေ့ရစဉ်

သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ကိုယ့်အားကိုယ် ကိုးရေးအတွက် တည်ဆောက်ရေးကို အရှိန်မြှင့်တင်ရန်၊ အရေးပေါ် ကဏ္ဍများတွင် မဟာဗျူဟာမြောက် လုပ်နိုင်စွမ်းကို တိုးမြှင့်ရန်တို့ အပါအဝင် ကဏ္ဍပေါင်းစုံတွင် မြှင်တင်ရေး အတွက်လည်း ရှီက တိုက်တွန်းခဲ့သည်။

ဆားကစ်ပြားမှ အာကာသရေးရာအထိ ပါဝင်သော အရေးကြီးသည့်ကဏ္ဍ ၁၀ ခုတွင် တရုတ်နိုင်ငံ ကြီးစိုးထား စေရန် ရည်ရွယ်သည့် Made in China 2025 ကမ်ပိန်းနှင့် စီးပွားရေးတွင် စစ်ဘက်-အရပ်ဘက် ပေါင်းစပ် ပါဝင် ခြင်း ၁၀ နှစ်ကြာ စီမံကိန်းတို့ အပါအဝင် ရှီ တိုက်တွန်းခဲ့သည့် အကြောင်းအရာ တော်တော်များများသည် စတင် ခဲ့ပြီးဖြစ်သည့် အခြေအနေတွင် ရှိနေသည်။

၂၀၂၇ ခုနှစ်တွင် ကျရောက်မည့် PLA ၏ ရာပြည့် အခမ်းအနားအတွက် ရည်မှန်းချက်များကို ပြည့်မှီအောင် ဆောင်ရွက်ရန်လည်း ရှီက အလေးပေး ပြောကြားခဲ့သည်။

ရှီကျင့်ဖျင်နဲ့ တရုတ်စစ်တပ် အရာရှိများကိုတွေ့ရစဉ်

ထိုရည်မှန်းချက်များတွင် တရုတ်အနေဖြင့် ထိုင်ဝမ်ကို စစ်ရေးအရ အနိုင်ယူနိုင်သည့် စွမ်းဆောင်ရည် ရှိနေစေရန် လည်း ပါဝင်သည်ဟု အမေရိကန် အရာရှိများက ပြောသည်။

တရုတ်အစိုးရသည် ၎င်းတို့၏ ရာစုနှစ် ရည်မှန်းချက် အများစုကို မရေရာ၊ မသေချာသည့် စကားလုံး အသုံးအနှုန်း များဖြင့် သတ်မှတ်ထားသည်။

တရုတ်အနေဖြင့် မဟာဗျူဟာမြောက် တားဆီးကာကွယ်ရေး အင်အားများ ရရှိရန်၊ နယ်ပယ်အသစ်၊ အရည် အသွေး အသစ်ရှိသော တိုက်ခိုက်ရေး အင်အားကို မြှင်တင်ရန်၊ တိုက်ခိုက်ရေးကို အခြေပြုသည့် စစ်ရေး လေ့ကျင့် မှုများကို လေးလေးနက်နက် တိုးမြှင့်ရန်အတွက် ခိုင်မာသောစနစ်တစ်ခု တည်ထောင်ရန် လိုအပ်သည်ဟု ရှီက ပြီးခဲ့သည့်နှစ် မိန့်ခွန်းတစ်ခုတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

Source: AP