CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃

အင်တာမီလန်အသင်းနဲ့ ၃ ဂိုးစီသရေကျပြီးနောက် ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ ကစားဖို့ မထိုက်တန် ဘူးလို့ နည်းပြ ဇာဗီက ပြောလိုက်ပါတယ်။

ဇာဗီက “အိမ်ကွင်းမှာ အင်တာမီလန်အသင်းကို အနိုင်မရခဲ့တဲ့အတွက် ဒီပြိုင်ပွဲမှာ ဆက်ရှိဖို့ မထိုက်တန်တော့ပါ ဘူး။ ပြီးခဲ့တဲ့ရာသီက ကျနော်တို့ ဒီပြိုင်ပွဲအတွက် လုံလောက်မှုမရှိခဲ့ပေမယ့် ဒီရာသီမှာတော့ ကျနော်တို့ လုပ်နိုင်ခဲ့ ပါတယ်။အခုတစ်ကြိမ်ကတော့ ကျနော်တို့ရဲ့ အမှားတွေပါပဲ။ကျနော်အလွန်စိတ်ပျက်၊ ဝမ်းနည်းပြီး ဒေါသထွက် နေပါတယ်။ ဒီအတွက် ကိုယ့်ကိုကိုယ်ပဲ ဝေဖန်ရပါမယ်။ကျနော်တို့ ချန်ပီယံလိဂ်မှာ ကစားဖို့ မထိုက်တန်ပါဘူး။ ဒါဟာ ကျနော့်ကို နာကျင်စေပေမယ့် အမှန်တရားတွေပါ” လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ဒီပွဲမှာ ၁ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်ခွင့်ရခဲ့ပေမယ့် ပွဲပြီးနာကျင်အချိန်ပိုမှာ လီဝန်ဒေါစကီးရဲ့ အဖိုးတန်ချေပဂိုးကြောင့်သာ တစ်ဖက် ၃ ဂိုးစီသရေနဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ဒီရလဒ် ကြောင့် အုပ်စုတွင်း ဒုတိယနေရာက အင်တာမီလန်အသင်းနဲ့ ၃ မှတ်ကွာဟသွားခဲ့တာဖြစ်ပြီး နောက်တစ်ဆင့် တက်ဖို့ ခက်ခဲသွားပြီဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ မနှစ်ကလည်း အုပ်စုကနေ ထွက်ခဲ့ရပြီး ယူရိုပါလိဂ် ဆင်းကစားခဲ့ရတာပါ။

အဲဒါကြောင့် အခုနှစ်မှာလည်း ဒီလိုပဲ ယူရိုပါလိဂ်ဆင်းကစားရဖို့ နီးစပ်သွားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာ အသင်း ဟာ မနှစ်ကလို မဖြစ်အောင် အခုနှစ်ရာသီမှာ လီဝန်ဒေါစကီး၊ ရာဖင်ဟာ၊ ကတ်ဆီ၊ ကွန်ဒီ အပါအဝင် ကစားသမား အများအပြားကို အားဖြည့်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ ရလဒ်တွေဆိုးရွားနေဆဲ ဖြစ်တာပါ။ ဘာစီလိုနာအသင်းအနေ နဲ့ နောက်ထပ်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံနေတာဖြစ်ပြီး အနိုင်မရခဲ့ရင်တော့ ယူရိုပါလိဂ်ကစားရဖို့ သေချာသွားပြီဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ ရလဒ်မကောင်းပေမယ့် လာလီဂါမှာတော့ ၈ ပွဲ ကစားအပြီးမှာ ရှုံးပွဲမရှိ ရမှတ် ၂၂ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဦးဆောင်နေတာပါ။ဘာစီလိုနာအသင်းဟာ ဒီတစ်ပတ်မှာ တော့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာမှာရှိနေတဲ့ ရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal