CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၁

အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက မွန်တာရေးအသင်းကို အရေးနိမ့်ခဲ့တဲ့ ကွန်ကာကပ်ဖ် ချန်ပီယံများ ဖလားပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်မှာ လူစားလဲမှုတစ်ဦးမှ မပြုလုပ်ခဲ့တဲ့ အကြောင်းကို ပြောခဲ့ပါတယ်။

မာတီနိုက “ကျနော်တို့ အရန်ခုံမှာရှိတဲ့ ကစားသမားတွေ အားလုံးဟာ လူငယ်ကစားသမားတွေပါ။ ကျနော်တို့ သူတို့ကို အသုံးပြုလို့ရတဲ့ အခြေအနေမျိုးမှာ ရှိမနေပါဘူး။ ဆိုးရွားတဲ့ အခြေအနေတွေမှာ သူတို့ကို ထည့်မသွင်း ချင်တာကြောင့် ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တဲ့ သူတွေနဲ့ပဲ ပွဲကိုပြီးဆုံးအောင်လုပ်တာ အကောင်းဆုံးလို့ ထင်ခဲ့ ကြောင်း”သတင်းထောက်တွေကို ပြောခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲမှာ မွန်တာရေးအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

ပထမအကျော့ပွဲစဉ်ကလည်း အင်တာမိုင်ယာမီအသင်းဟာ မွန်တာရေးအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ကြောင့် နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ 

အင်တာမိုင်ယာမီအသင်းနဲ့ မွန်တာရေးအသင်းတို့ ယှဉ်ပြိုင်နေစဉ်

ဒဏ်ရာကနေ သက်သာလာပြီးနောက် အင်တာမိုင်ယာမီအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပထမဆုံးအကြိမ် ပါဝင်ခဲ့တဲ့ မက်ဆီဟာ ဒီပွဲမှာ အသင်းကို နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ 

အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲ အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲစလုံး နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ရလဒ်တွေ ဆိုးရွားနေတာပါ။

အင်တာမိုင်ယာမီအသင်းဟာ ဧပြီ ၁၃ ရက်မှာ မေဂျာလိဂ်ပွဲစဉ်အဖြစ် စပို့တင်းကန်ဆပ်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ဒီရာသီ မေဂျာလိဂ်ပွဲစဉ် ၈ ပွဲ ကစားအပြီးမှာ ရမှတ် ၁၂ မှတ်နဲ့ အရှေ့ပိုင်းဇုန် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။

အင်တာမိုင်ယာမီအသင်းကို ကွန်ကာကပ်ဖ် ချန်ပီယံများဖလားပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ မွန်တာရေးအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ မေဂျာလိဂ်ကလပ် ကိုလံဘက်စ်ခရူအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal