CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈

ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ အာဂျင်တီးနားအသင်းဟာ ၂၀၂၄ ပြိုင်ပွဲမှာလည်း ချန်ပီယံဆု ကို ထပ်ပြီးရယူနိုင်ဖို့ မျှော်လင့်တယ်လို့ နည်းပြစကာလိုနီက အုပ်စုမဲခွဲတဲ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

စကာလိုနီက “ကိုပါအမေရိကဖလားဟာ ကျနော်တို့ရဲ့ လှပတဲ့ခေတ်အတွက် အစဖြစ်ခဲ့ပါတယ်။ အားလုံးဟာ ဒီဆုဖလားကနေပဲ စတင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒီဆုဖလားက အရမ်းလှသလို အလွန်လည်း ထူးခြားပါ တယ်။ ကျနော်တို့တွေဟာ ထူးခြားတဲ့ အခိုက်အတန့်တွေကို ခံစားခဲ့ရပါတယ်။ ဒီဆုဖလားကို ရယူဖို့က အလွန်ခက် ခဲပေမယ့် အာဂျင်တီးနား ထပ်ပြီးရယူနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။

၂၀၂၄ ကိုပါအမေရိက ဖလားပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုမှာ အာဂျင်တီးနားအသင်းဟာ အုပ်စု A မှာ ပီရူး၊ ချီလီ၊ ကနေဒါနဲ့ ထရီနီဒတ်တို့ပွဲစဉ်က အနိုင်ရတဲ့အသင်းတို့နဲ့ ကျရောက်နေတာ ဖြစ်ပါတယ်။ 

ကိုပါအမေရိကဖလား အုပ်စုပွဲစဉ်တွေကိုတွေ့ရစဉ်

အုပ်စု B မှာ မက္ကဆီကို၊ အီကွေဒေါ၊ ဗင်နီဇွဲလားနဲ့ ဂျမေကာ၊ အုပ်စု C မှာ အမေရိကန်၊ ဥရုဂွေး၊ ပနားမားနဲ့ ဘိုလီးဗီးယား၊ အုပ်စု D မှာ ဘရာဇီးလ်၊ ကိုလံဘီယာ၊ ပါရာဂွေး၊ ဟွန်ဒူးရပ်စ်နဲ့ ကော်စတာရီကာတို့ ပွဲစဉ်က အနိုင်ရတဲ့အသင်းတို့နဲ့ ကျရောက်နေပါတယ်။

မဲခွဲမှုလမ်းကြောင်းအရ အာဂျင်တီးနားနဲ့ ဘရာဇီးလ်အသင်းတို့ဟာ ဗိုလ်လုပွဲရောက်မှ တွေ့ဆုံနိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။ 

၂၀၂၄ ကိုပါအမေရိက ဖလားပြိုင်ပွဲကို ဇွန်လ ၂၀ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ အမေရိကန်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပသွားမှာပါ။ 

ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို မိုင်ယာမီရှိ Hard Rock Stadium မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

ကိုပါအမေရိက ဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းကတော့ အာဂျင်တီးနားနဲ့ ဥရုဂွေးအသင်းတို့ဖြစ်ပြီး ၁၅ ကြိမ်စီ ဗိုလ်စွဲထားပါတယ်။

Source: AP