CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၉

မြန်မာအသင်းဟာ ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မလေးရှားအသင်းနဲ့ ကစားခဲ့တာမှာ ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဒီပွဲမှာ ဂိုးပြတ်အနိုင်ရယူနိုင်ဖို့အတွက် ပွဲစကတည်းက မလေးရှားအသင်းကို တရစပ် ထိုးဖောက်ခဲ့တာဖြစ်ပြီး ပွဲအစ ၃ မိနစ်မှာကတည်းက ဦးဆောင်ဂိုး ရယူနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ မြန်မာအသင်းကပဲ ပွဲကိုကြီးစိုးခဲ့ပြီး ပြိုင်ဘက်အသင်းကို ဂိုးပေါက်ကန်သွင်းမှု ၁ ကြိမ်မှ မပေးတဲ့အထိ တိုက်စစ်ဆင်ခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် နောက်ထပ်သွင်းဂိုး ၂ ဂိုး ထပ်မံရယူနိုင်ခဲ့ပြီး ပထမပိုင်းအပြီးမှာ ၃ ဂိုး- ဂိုးမရှိနဲ့ မြန်မာအသင်းက ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း မြန်မာအသင်းကပဲ ဘောလုံး ပိုင်ဆိုင်မှုအသာ၊ ဂိုးပေါက်ကန်သွင်းမှုအသာနဲ့ ဆက်တိုက်ဖိအားပေးခဲ့ပြီး နောက်ထပ်သွင်းဂိုး ၂ ဂိုးထပ်မံ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မလေးရှားအသင်းကတော့ ဂိုးပေါက်ကန်သွင်းခွင့်ရတဲ့ ၁ ကြိမ်မှာ ဂိုးအဖြစ် ပြောင်းနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ မြန်မာအသင်းက ၅ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး တစ်ချိန်တည်း ကစားနေတဲ့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ပွဲမှာ ဖိလစ်ပိုင်အသင်းက ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲ့ဒါကြောင့် ဗီယက်နမ်အသင်းက အုပ်စုပထမ၊ မြန်မာအသင်းက အုပ်စုဒုတိယနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။