CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃
 
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ သစ်တောရပ်ကွက် အိမ်တော်လမ်းဆုံက ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့များ ဖျော်ဖြေရန်အတွက် အစမ်းလေ့ကျင့်နေသည်ကို တွေ့ရသည်။
 
အဆိုပါ ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့ စုစုပေါင်း ၂၁ ဖွဲ့ ကပြဖျော်ဖြေမည် ဖြစ်ကြောင်း၊ ယနေ့ (သင်္ကြန်အကြိုနေ့) ညနေ ၅ နာရီတွင် ပွဲဖွင့်အဖြင့် ယိမ်းအဖွဲ့များက ကပြဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။
 
 
ပြီးခဲ့သည် အစိုးရများ လက်ထက်က တောင်ကြီး ဗဟိုမဏ္ဍပ်ကို တောင်ကြီးမြို့ရှိ မြို့မစျေးအနီးမှာ တည်ဆောက်ကာ ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင်မူ လုံခြုံရေးအကြောင်းပြချက်ဖြင့် သစ်တောရပ်ကွက် အိမ်တော်လမ်းဆုံမှာ ဆောက်လုပ် ကျင်းပမည် ဖြစ်သည်။