CNI Lifestyle

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၅

"ပိုက်ဆံဆိုတာကို တခြားနေရာမှာ သုံးပြီးပျော်ရွှင်ကြည်နူးမယ့်အစား ဒီလိုနေရာမျိုးမှာ သုံးပါ..ပျော်ရွှင်ကြည်နူးမှု အများကြီးရပါလိမ့်မယ်"လို့ သူလိုလုပ်ငန်းမျိုး နောက်ထပ်လုပ်ကိုင်ချင်တဲ့သူတွေကို (၅၀၀)ကျပ်တန် ဇလုံထမင်းဆိုင်လေးရဲ့ ပိုင်ရှင် ကိုနေသူရိန်က ဖိတ်ခေါ်လိုက်ပါတယ်။ တနေ့လျှင် လူတန်းစားပေါင်းစုံ အယောက်(၇၀၀) နီးပါးကို ထမင်းအဝစား ၅၀၀ ကျပ်တည်းနဲ့ ဝန်ဆောင်မှုပေးနေတဲ့ တောင်ဒဂုံမြို့နယ်ထဲက ဇလုံထမင်း(၅၀၀)ကျပ် ဆိုတဲ့ ထမင်းဆိုင်လေးအကြောင်းကို CNI သတင်းဌာနက မေးမြန်းတင်ဆက်ထားပါတယ်။