CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ 

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲ အပ် ဆောင်ရွက်စေခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်စွဲပါ အမိန့်အမှတ်၊ ၁/၂၀၂၁ ကို ပယ်ဖျက်လိုက်သည်ဟု ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ် အခြေအနေ ကြေညာ၍ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့် ကိစ္စနှင့်စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြသည့် အစီအရင်ခံစာ ကို လက်ခံရရှိပြီးဖြစ်၍ ကာ/လုံသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော် အာဏာလွှဲအပ် ဆောင် ရွက်စေခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်စွဲပါ အမိန့်အမှတ်၊ ၁/၂၀၂၁ ကို ပယ်ဖျက် လိုက်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။