အဆိုတော် ရေမွန်သည် ငှက်ဖျားရောဂါပိုး ဦးနှောက်ထဲဝင်သွားခြင်းကြောင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ကိုလည်း အနုပညာရှင် အသိုင်းအဝိုင်းက အတည်ပြုပြောကြသည်။ အဆိုတော် ရေမွန်သည် ကွယ်လွန်ချိန်တွင် အသက် ၃၂ နှစ်အရွယ်ရှိပြီ ဖြစ်သည်။ Idiots ၏ လူမှုကွန်ရက် စာမျက်နှာမှာ “မျှော်လင့်မထားတဲ့ သတင်းဆိုး တစ်ခု ကို ကျနော်တို့ ကြုံလိုက် ရပြီ ဗျာ၊ ကျနော်တို့ရဲ့ Raymond ဘဝတစ်ပါးသို့ ကူးပြောင်းသွားပါပြီ။ စိတ်ထား ကောင်းတဲ့ Raymond ကောင်းမွန်တဲ့ ဘုံဘဝ ရောက်မှာပါ၊ သူငယ်ချင်း Rest In Power Brother”ဟု ဝမ်းနည်းကြောင်း ရေးသား ဖော်ပြထားသည်။ အဆိုတော် ရေမွန်သည် Idiots Band ၏ ပင်တိုင်အဆိုတော် တစ်ဦးဖြစ်ရာ ၎င်းကွယ်လွန်သွားခြင်းနှင့် ပတ်သက်ပြီးအထက်ပါအတိုင်း Idiots က သူ၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားသည်။ အဆိုတော် ရေမွန်သည် ၂၀၁၉ ခုနှစ်က “လူအဂီတ”ဆိုသည့် သူ၏ တတိယ မြောက် Album တေးစီးရီးထွက်ခဲ့ သလို အဆိုတော် နိုဗန်ထူး၊ ဟန်ထူးလွင်၊ ဟန်နေတာတို့နှင့်အတူ “Headshot”ဆိုသည့် သီချင်းကိုလည်း ဖန်းတီခဲ့သေး သည်။ ထို့နောက် တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော် အာဏာကို ရယူလိုက်ခြင်းကြောင့် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ရာမှာ လည်း ရန်ကုန်မြို့တွင် ဆန္ဒပြပွဲများတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆန္ဒပြခဲ့ သေးသည်။
#Raymond
#ကွယ်လွန်/သေဆုံး
#အဆိုတော်
#CNI News
အဆိုတော်ရေမွန် ကွယ်လွန်
- By CNI
- Category: ဖျော်ဖြေရေး
- Hits: 550