CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A honoris causa) ဘွဲ့အပ်နှင်းခဲ့သည်။

အဆိုပါ ပါရဂူဘွဲ့ အပ်နှင်းခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမ၌ ကျင်းပခဲ့သည်။

ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်က “နိုင်ငံတော်အကြီးအကဲအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို အပ်နှင်း ရခြင်းမှာ မိမိတို့ နိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဥ်တွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှု အခက်အခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျ စီမံခန့်ခွဲ ဖြေရှင်းနိုင်ခဲ့သည့် စွမ်းဆောင်ချက်များကြောင့် ဖြစ်ပါတယ်”ဟု ပြောသည်။

ထိုအခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်း ဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အဆင့်မြင့်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုဝန်ကြီးများ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်တို့ တက်ရောက်ကြသည်။