CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား အလေးချိန်ရှိသော ရွှေဒင်္ဂါးပြားများကို လွတ်လပ်စွာ ရောင်းချပေးရန် စီစဉ်ထားကြောင်း MRTV ကနေ နစက-က စက်တင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာသွားခဲ့သည်။

သို့သော် မည်သည့် အချိန်ကာလတွင် စတင် ရောင်းချပေးမည်ကိုတော့ ထည့်သွင်း ထုတ်ပြန်သွားခြင်း မရှိပေ။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ လက်ထက်တွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ကနေမှတဆင့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ စံချိန်မီ တစ်မတ်သား ရွှေဒင်္ဂါးပြားများကို ထုတ်လုပ် ရောင်းချခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် ရွှေဝယ်မှု များပြားနေခြင်းကြောင့် ရွှေဈေးနှုန်းများ တဖြေးဖြေး တက်နေရာ တစ်ကျပ်သာလျှင် သိန်း ၃၀ အထိ ရောက်ရှိလာခဲ့သည်။

အဆိုပါ ဈေးနှုန်းမြင့်တက်နေသည့်တိုင် ရွှေဝယ်လိုအားသည် အလွန်များနေသေးကြောင်း ရွှေလုပ်ငန်း လုပ်ကိုင် သူများက ပြောသည်။

#ရွှေဒင်္ဂါး #နစက #သယံဇာတ #သဘာဝတ်ပတ်ဝန်းကျင် #ရွှေလုပ်ငန်း #စီးပွားရေး #CNImyanmar #cninews
ပုံ- ၂၀၁၈ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့က ဗဟိုဘဏ်က ဖြန့်ချီခဲ့သော ဗိုလ်ချုပ်အောင်ဆန်းပုံပါ စံချိန်မီ တစ်မတ်သား ရွှေဒင်္ဂါးပြား