CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၃


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းထံ ခံစားနေရသည့်အတွက် အခြေခံစားသောက်ကုန်နှင် အိမ်သုံးဆေး ဝါး လိုအပ်ချက် မြင့်မားနေခြင်းကြောင့် ကုမ္ပဏီ ၂၀ ကျော် အခြေခံစားကုန်နှင့် အိမ်သုံးဆေးဝါးများ ဈေနှုန်း သက်သာစွာဖြင့် အခက်အခဲမရှိ ဝယ်ယူနိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း နစက သတင်းမှန်ပြန် ကြားရေးအဖွဲ့က သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း စားရေး အခက်အခဲ မရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ဦးဆောင်မှုနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆန် Exporter ကုမ္ပဏီကြီးများက ရွေ့လျားဈေးကား Mobile Market စနစ်ဖြင့် အခြေခံစားကုန်များကို သက်သာ သော ဈေးနှုန်းများဖြင့် သွားရောက် ရောင်းချပေးနိုင်ခဲ့ခြင်းကြောင့် စာရေးအခက်အခဲ ဖြစ်ပေါ်နေမှုများကို တစ် ဖက်တစ်လမ်းမှ ဖြေလျော့ပေးနိုင်ခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။


နစက-က ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်း ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့် ဆည်းနိုင်ရေး၊ ဆေးဝါးများအား အရည်အသွေးနှင့်ဈေးနှုန်း မှန်ကန်စွာ ဝယ်ယူရရှိနိုင်စေရန်အတွက်လည်း အလုံ မြို့နယ်၊လွတ်လပ်ရေးရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ်(၁၀၄/၁၀၈)၌ သြဂုတ် ၁၉ ရက်မှစ၍ မြန်မာနိုင်ငံဆေး နှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီ ၂၇ ခုမှ အိမ်သုံးဆေးဝါး ၃၂၃ မျိုးကို ဈေးနှုန်း သက်သာစွာ ဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း ဆိုသည်။

ပုံ-ဈေးသက်သာစွာဖြင့် အိမ်သုံးဆေးများ ရောင်းပေးနေစဉ်(CNICDS)

ထို့နောက် သြဂုတ် ၂၃ (ယနေ့)တွင်လည်း တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လှည်းကူးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့ နယ်နှင့် သာကေတမြို့နယ်များ၌ အခြေခံစားကုန်များကိုလည်းကောင်း၊ အလုံမြို့နယ်၊ ကမ်းနားလမ်းအမှတ် (၁၀၄/၁၀၈)နှင့် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန အဆောက်အဦတို့၌ ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ကုမ္ပဏီ ၄၃ ခုမှ အိမ်သုံးဆေးဝါး ၄၄၉ မျိုးကိုလည်းကောင်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှီရာ မိဘပြည်သူများအနေဖြင့် လွတ် လပ်စွာ ဝယ်ယူခဲ့ကြကြောင်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။


လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်ကို ရင်ဆိုင်နေရပြီး နေ့စဉ် ကိုဗစ် ကူးစပ်မှုများကလည်း ရပ်တည်နေမှုမရှိသေးဘဲ သြဂုတ် ၂၂ ရက် ည ၈ နာရီမှ သြဂုတ် ၂၃ ရက်နေ့ ည ၈ ရက်အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၁၃၀ ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်အတည်ပြုလူနာသစ် ၂၁၈၆ ဦးတွေ့ရှိကြောင်း၊ ထပ်မံသေဆုံးသူ ၁၂၅ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ည ၈ နာရီမှာ သတင်းထုတ်ပြန်ခဲ့သည်။


အဆိုပါ ကိုဗစ်ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းများ ထိန်းချုပ်၊ ကာကွယ်၊ ကုသနိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ကိုဗစ် ကာကွယ်ဆေးများ နိုင်ငံတစ်ဝန်းထိုးပေးနေရာ လက်ရှိတွင် လူဦးရေ ၄ သန်းကျော် ထိုးပြီး ဖြစ်ကြောင်း သိရသည်။


#စားသောက်ကုန် #ဆေးဝါး #အိမ်သုံးဆေး #ပြည်သူလူထု #ကိုဗစ်၁၉ #MobileMarket #နစက #CNImyanmar #cninews #ChannelNewsIndependent