CNI Lifestyle
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၆
မြန်မာနိုင်ငံတွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလာသည်မှာနှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်သည်။ အဆိုပါ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၏ နောက်ဆက်တွဲပြဿနာရပ်များကတော့တိုက်ပွဲရှောင်ဒေသများ ပိုမိုများသည်ထက်များလာခြင်းဖြစ်သည်။
ထိုတိုက်ပွဲရှောင်များတွင် အမျိုးသမီးနှင့်ကလေးသူငယ်များ၊သက်ကြီးရွယ်အိုများ အများဆုံးပါဝင်ကြသည်။တိုက်ပွဲရှောင်စခန်းများကိုစားနပ်ရိက္ခာ ထောက်ပံ့မှုများရှိသော်လည်း အမျိုးသမီးတို့၏ သဘာဝအတွက်လစဉ်သုံးပစ္စည်းများကတော့ လစဉ်လတိုင်းတွင် ကြီးမားသောလိုအပ်ချက်တစ်ခုဖြစ်နေသည်။
အမျိုးသမီးများအတွက် လစဉ်လတိုင်း မရှိမဖြစ်လိုအပ်နေသည့် အဆိုပါ အသုံးအဆောင်ပစ္စည်းအတွက် အမျိုးသမီးများအနေဖြင့်မည်သို့မည်ပုံ ရင်ဆိုင်ဖြေရှင်းနေကြရသလဲဆိုသည်များကို CNI ကတင်ဆက်ပေးထားပါသည်။