CNI International News
မွန်ဘိုင်း ဩဂုတ် ၂၂
ဒဏ္ဍာရီကာတွန်းဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ The Legend of Hanuman ရဲ့ Season 2 ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က အခပေး VOD ဝန်ဆောင်မှုကနေ ထုတ်လွှင့်ပြသပေးခဲ့ရာမှာ တခြားရုပ်ရှင်ဇာတ်ကားတွေရဲ့ ကြည့်ရှုမှုနှုန်းကို အပြတ်အသတ်ကျော်တက်သွားခဲ့ပြီး အိန္ဒိယ Streaming ဈေးကွက်ထဲမှာ ရှေ့ဆုံးက ပြေးနေတယ်လို့ မွန်ဘိုင်းအခြေစိုက် မီဒီယာတစ်ခုဖြစ်တဲ့ Ormax ရဲ့အဆိုအရ သိရပါတယ်။
Ormax မီဒီယာကနေ ရရှိတဲ့ကိန်းဂဏန်းတွေအရ အဲဒီ ဟနုမာန်ကာတွန်းဇာတ်လမ်းတွဲဟာ စစချင်းပြသတဲ့ ၁၀ ရက်အတွင်းမှာပဲ ကြည့်ရှုမှု ၈ဒသမ၅ သန်းခန့်အထိ ဆွဲဆောင်အားကောင်းခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အိန္ဒိယမှာ အအောင်မြင်ဆုံး Streaming Content နေရာကို ရယူသွားခဲ့ပါတယ်။
Source: deadline.com
#အိန္ဒိယ
#ဟနုမာန်ဒဏ္ဍာရီ
#The Legend of Hanuman
#ဒီဝါရာဂျန်
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင် ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-entertainment/719-2021-08-22-08-39-35
CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw