CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၂
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ ဌာနချုပ်တည်ရှိရာ ပန်ခမ်း(ပန်ဆန်း)မြို့ကို Lockdown ပြုလုပ်ပြီး တစ်မြို့လုံး အာခေါင်တို့ဖတ်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ စစ်ဆေးသူအားလုံး Negative ထွက်ရှိခဲ့သည့် အတွက် ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း UWSA က ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဩဂုတ် ၂၁ ရက်က ပန်ခမ်းမြို့ကို ဒုတိယအကြိမ် တမြို့လုံး အာခေါင်တို့ဖတ် စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး စုစုပေါင်း စစ်ဆေးသူ ၅၂၉၂၂ ဦး အားလုံးမှာ Negative ထွက်ခဲ့သည်။
#UWSA
#ပန်ခမ်းမြို့
#အာခေါင်တို့ဖတ်စစ်ဆေး
#ကိုဗစ်၁၉
#ကျန်းမာရေး
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင် ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-health/720-negative-uwsa
CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw