CNI International News

ကွာလာလမ်ပူ ဩဂုတ် ၂၂

မလေးရှားအစိုးရရုံးစိုက်ရာ ပူထရာဂျာယာမြို့တွင် ရက်သတ္တတစ်ပတ်နီးပါး နိုင်ငံရေးမတည်မငြိမ်ဖြစ်ခဲ့မှု အဆုံးသတ်သည့်အနေဖြင့် ဩဂုတ် ၂၁ ရက်တွင် မလေးရှားနိုင်ငံ၏ ၉ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် အစ္စမေးလ်ဆာဘရီယာကော့ဘ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီဖြစ်သည်။

မစ္စတာ အစ္စမေးလ်ဆာဘရီယာကော့ဘ်သည် မလေးရှားအမျိုးသားပေါင်းစည်းအဖွဲ့(UMNO) ပါတီမှဖြစ်ပြီး အသက် ၆၁ နှစ် အရွယ်ရှိကာ မလေးရှားဘုရင့်နန်းတော်၌ ဘုရင်မင်းမြတ် အယ်လ်စူလတန်အဗ္ဗဒူလာရီအယာတက်ဒင် အယ်လ်မူစတာဖာဘီလာ ရှား၏ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်းဖြစ် ကြောင်း Channel News Asia က ရေးသားဖော်ပြသည်။

#မလေးရှား

#ဝန်ကြီးချုပ်

#ကျမ်းသစ္စာ

#အစ္စမေးလ်ဆာဘရီယာကော့ဘ်

#UMNO ပါတီ

#CNImyanmar

#cninews

#ChannelNewsIndependent

Website တွင် ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/718-2021-08-22-08-07-13

CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw