CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၁၄

ဗြိတိန်နိုင်ငံ၊ အင်္ဂလန်အနောက်တောင်ပိုင်း ပလက်မက် (Plymouth) မြို့ရှိ လူနေအိမ်တစ်လုံးကို ဩဂုတ် ၁၂ ရက်၌ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့ရာ လူ ၅ ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်ကို ကိုးကား၍ အယ်လ်ဂျာဇီးယားက သတင်းရေးသားသည်။

အခင်းဖြစ်ပွားရာ ပလက်မက်မြို့၊ ကေးဟန်ဒေသသို့ လက်နက်အပြည့်အစုံတပ်ဆင်ထားသော ရဲများနှင့် သူနာပြုများကို ဩဂုတ် ၁၂ ရက်၊ ဂရင်းနစ်စံတော်ချိန် ညနေ ၆ နာရီ ၁၀ မိနစ်တွင် အာဏာပိုင်များက စေလွှတ်ခဲ့သည်။

Source: Aljazeera

#လူသတ်မှု

#ဗြိတိန်

#ပစ်ခတ်မှု

#အကြမ်းဖက်

#CNINews

#CNIMyanmar

#ChannelNewsIndependent

Website တွင်ဖတ်ရှုရန် - - - https://cnimyanmar.com/index.php/political/politics-local/579-2021-08-14-08-18-32

CNI TV Youtube Channel - - - https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw