CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၄

ဆမ်ဆောင်း (Samsung) ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ဂျေးဝိုင်လီသည် ထောင်ဒဏ်နှစ်နှစ်ခွဲ ကျခံနေရာမှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိပြီးနောက် ၇ လဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်အရ သိရသည်။ ၎င်းသည် စီးပွားရေး အကြောင်းပြချက်များဖြင့် လာဘ်ပေးလာဘ်ယူမှု (သို့မဟုတ်) အခွန်ရှောင်မှုတို့ကြောင့် ထောင် ဒဏ်ကျခံနေရသော စီးပွားရေး လုပ်ငန်းရှင်များကို ပြန်လည်စေလွှတ်ပေးသည့် နောက်ဆုံးဖြစ်ရပ်ဟု ဆိုသည်။

ဖို့ဘ်(Forbes) မဂ္ဂဇင်း၏ ဖော်ပြချက်အရ ကမ္ဘာပေါ်တွင် ၂၀၂ ယောက်မြောက် အချမ်းသာဆုံးဖြစ်သူ ဂျေးဝိုင်လီသည် လာဘ် ပေး လာဘ်ယူမှုဖြင့် ပြီးခဲ့သည့်ဇန်နဝါရီလက ထောင် ဒဏ်ချမှတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။ တောင်ကိုရီးယားသမ္မတ ဟောင်း ပက်ချုံဟီး (Park Geun-hye) အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံနှင့် ဆက်စပ်၍ ငွေကြေးအလွဲသုံးစားခြင်းနှင့် အခြား ပြစ်မှုများ စိစစ်ဖော်ထုတ်ခဲ့ရာမှ ဂျေးဝိုင်လီလည်း ‘တနွယ်ငင် တစင်’ပါခဲ့ခြင်း ဖြစ်သည်။

Source: Aljazeera

#Samsung

#ဆမ်ဆောင်း

# ဒုတိယဥက္ကဋ္ဌ

#တောင်ကိုရီးယား

#လွတ်ငြိမ်းချမ်းသာ

#CNINews

#CNIMyanmar

#ChannelNewsIndependent

Website တွင်ဖတ်ရှုရန် - - - https://cnimyanmar.com/index.php/local-news/local-business/575-2021-08-14-06-25-21

CNI TV Youtube Channel - - - https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw