CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ်- ၁၄

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာန ချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိ ပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဆိုသည်။

#ကိုဗစ်

#အတည်ပြုလူနာ

#စောင့်ကြည့်လူနာ

#ကျန်းမာရေးဝန်ကြီးဌာန

# Quarantine Center

#ပရဟိတအဖွဲ့အစည်း

#CNINews

#CNIMyanmar

#ChannelNewsIndependent

Website တွင်ဖတ်ရှုရန် - - - https://cnimyanmar.com/index.php/local-news/local-health/576-2021-08-14-06-49-41

CNI TV Youtube Channel - - - https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw