CNI News
တီယန်ဂျင်း ဇူလိုင် ၂၈
အဖွဲ့ဝင် ၉ ဦး လိုက်ပါလာသည့် တာလီဘန် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံသို့ နှစ်ရက်ကြာ ရောက်ရှိနေပြီး အာဖဂန် နစ္စတန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် လုံခြုံရေးကိစ္စရပ်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယင်းကိုယ်စားလှယ်အဖွဲ့က ဇူလိုင် ၂၈ ရက် ယနေ့တွင် ပြောကြားသည်ဟု ရိုက်တာသတင်းကို ကိုးကားလျက် စထရိတ်တိုင်းမ် သတင်းစာက ရေးသားဖော်ပြသည်။
တာလီဘန်ပြောခွင့်ရသူ မိုဟာမက်နေးက “နိုင်ငံရေး၊ စီးပွားရေး၊ နှစ်နိုင်ငံစလုံး၏ လုံခြုံရေး၊ အာဖဂန်နစ္စတန် လက်ရှိ အခြေအနေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း” တွတ်စ်တာ လူမှုကွန်ရက်တွင် ရေးသား လွှင့်တင်ထားသည်။