CNI News

ဘန်ကောက် ဇူလိုင် ၂၉

ဂျပန်ကားကုမ္ပဏီအုပ်စုဖြစ်သော တိုယိုတာသည် ထိုင်းနိုင်ငံရှိ စက်ရုံ ၃ ခုတွင် လုပ်ငန်းလည်ပတ်မှုများ ယာယီရပ်ဆိုင်းခဲ့ ရကြောင်း နီကိုင်းအေးရှားသတင်းဖော်ပြချက်အရ သိရသည်။ ရပ်ဆိုင်းရသည့် အကြောင်းရင်းမှာ Delta မျိုးကွဲ COVID-19 ကပ်ရောဂါကြောင့် မော်တော်ယာဉ် အစိတ်အပိုင်းရောင်းအား အလွန်အမင်းကျဆင်းခဲ့၍ ဖြစ်ကြောင်း၊ ရပ်ဆိုင်းမှုကို ဇူလိုင် ၂၁ ရက်မှ အနည်းဆုံး ဇူလိုင် ၂၈ အထိဖြစ်ကြောင်း ယနေ့ဇူလိုင် ၂၉ ရက်တွင် ပြန်လည် စတင်မည်ဟု မျှော်လင့်ရသည်ဟု အဆိုပါသတင်းတွင် ဆက်လက် ဖော်ပြထားသည်။

ကပ်ရောဂါ အဆမတန်ပြင်းထန်လာချိန်တွင် စက်ရုံအတွက် ပေးပို့ရသည့် လျှပ်စစ်အစိတ်အပိုင်းများ၊ ဝါယာကြိုးများ အချိန်မီ တင်ပို့နိုင်မှုမရှိ၍ ယင်းသို့ ယာယီရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။