CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် - ၂၉
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ ဌာနချုပ် လွယ်တိုင်းလျဲန်း အပါအဝင် ထိန်းချုပ်ဒေသများမှာ ကိုဗစ် -၁၉ ကာကွယ်ဆေး အပြည့်အဝ မထိုးပေးနိုင်သေးကြောင်း RCSS ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းခမ်းစံက CNI သတင်းဌာနသို့ ပြောသည်။ RCSS အနေဖြင့် ကိုဗစ် -၁၉ စတင် ဖြစ်ပွားကတည်းက တားဆီး၊ ထိန်းချုပ်သည့် အဆင့်များ လုပ်ဆောင်ခဲ့ပြီး ကုသမှု အဆင့်နှင့် တိုက်ဖျက်သည့်အဆင့်မှာ လက်လှမ်းမမှီသေးဟု ဆို သည်။